ဧကရာဇ်တစ်ပါးတွင် တော်ဝင်ကိုယ်လုပ်တော်က ခြောက်ယောက်၊ တော်ဝင် ဇနီးသည်က သုံးယောက်၊ကိုယ်လုပ်တော်က ကိုးယောက်၊ကြင်ယာတော်က နှစ်ဆယ့်ခုနှစ်ယောက်၊အပျော်မယားက ရှစ်ဆယ့်တစ်ယောက်အပြင် သုံးထောင်သော အမျိုးသမီးတို့ နေထိုင်ရန်အတွက် အနောက်ဆောင်လည်း ရှိသေးသည်။ကြင်ယာတော်လေးရဲ့ ခင်ပွန်းသည်ကြီးက အပျော်အပါး လိုက်စားတတ်သော လူမျိုး မဟုတ်သောကြောင့် တရားဝင်ခင်ပွန်းသည်ဟူ၍ ကြင်ယာတော် ရှောင်းအွန်ယောင်းအပြင် အခြားမရှိဘူး။
နန်းတော်ထဲမှာ နိုင်ငံရေးထက် ရှုပ်ထွေးသည်က အနောက်ဆောင်အရေးဖြစ်သည်။အမျိုးသားတစ်ဦးတည်းကို ခွဲဝေချစ်ကြရသော ထိုအမျိုးသမီးတို့မှာ အချင်းချင်းလည်း မနာလို၊ဝန်တိုစိတ်များကြ၍ တစ်ယောက်ကို တစ်ယောက် မကောင်းကြံကြသည်မှာလည်း နေ့တိုင်းလိုလိုပင်။
ထိုသို့သော နန်းတွင်းရေးမှာ ကြားညှပ်ခဲ့ရသူကတော့ ခင်ပွန်းသည်ကြီးရဲ့ မိခင်ဖြစ်သူ ရှောင်းနျူဝါး ဖြစ်သည်။ကွယ်လွန်သွားပြီဖြစ်သော ဧကရာဇ်ကျင်းရဲ့ ဧကရီ နျူဝါးက ချင်မင်းဆက်၊ မြောက်ပိုင်းစီရင်စု ခေါင်းဆောင်ရဲ့ သမီးကြီးဖြစ်ပြီး နိုင်ငံရေး ဗျူဟာအရ အသစ်ဆက်ဆက် နန်းတက်လာသော ဧကရာဇ်ကျင်းအတွက် သမီးဖြစ်သူကို တင်မြှောက်လာပေမယ့် ပါးချိုင့်ကလေးနှင့် သိပ်ကိုမှ လှသော နျူဝါးကို ငယ်ရွယ်သော ဧကရာဇ်က ချစ်မြတ်နိုး၍ တစ်ခါတည်း ဧကရီ တင်မြှောက်ခဲ့သည်။
ငယ်လင်၊ငယ်မယားဖြစ်သော တရားဝင်ကြင်ယာတော် ဂင်ဟွာယောင်းထက်ပင် နျူဝါးကို ချစ်ခင်ခဲ့ပြီး ဧကရီ သေဆုံးသွားသည့်အခါတွင်လည်း စိတ်နှလုံး ေကြကွဲပြီး စိတ်ထောင်းလို့ ကိုယ်ကြေဖြစ်ခဲ့ရသည့် ဧကရာဇ်ကျင်းဖြစ်သည်။
မြောက်ပိုင်းသူ ဖြစ်တာကြောင့် စကားသံလေး ဝဲဝဲနှင့် နားမလည်သော စကားလုံးလေးများ ပါလာတိုင်း ခင်ပွန်းသည် ဧကရာဇ်ကြီးကိုသာ မျက်လုံးလေး အဝိုင်းသားနှင့် ငေးကြည့်နေတတ်သော မယ်မယ်ဖြစ်သူက သားဖြစ်သူ စစ်သူကြီးအတွက်ပင် သိပ်ကိုမှ ချစ်ဖို့ကောင်းသည်ဟု စစ်သူကြီးက ကြင်ယာတော်လေး ပူဆာတိုင်း အမြဲ ပြောပြတတ်လေ့ရှိသည်။
YOU ARE READING
GRIEF//Mpreg//
Romantikဒီပုဝါစလေးသာ ဖြုတ်လိုက်ရင် ကြင်ယာတော်လေးဟာ သူတစ်သက်လုံး မမြင်ရတော့ပါဘူးဆိုတဲ့ ဝမ်းနည်းမှုမျိုးနဲ့ ငိုကြွေးတာမျိုးကို မလိုချင်တော့တာမို့ စစ်သူကြီးက ပုဝါအနက်ရောင်ကြီးရဲ့နောက် ဖုံးကွယ်နေပါသော မျက်ခွံမို့မို့လေးတွေ၊မျက်တောင်ကော့ကော့လေးတွေကို ငုံ့ကာ န...