Chapter_56

2.1K 402 46
                                    

I want you to know that I'm never leaving
'Cause I'm Mrs. Snow, 'til death we'll be freezing
Yeah, you are my home, my home for all seasons
So come on, let's go

_____________U.N.I.C.O.D.E.____________

"ချူချူ~"

"ပါပါးချူချူ~"

ကြင်ယာတော်လေးက ကုတင်ရှေ့မှာ ဒူးထောက်နေတဲ့ စစ်သူကြီးကို ကြည့်ပြီး ဘာဆက်လုပ်ရမည်မှန်း မသိတော့ဘူး။စစ်သူကြီးက တော်ရုံသောက်ပြီး မမူးတတ်ပေမယ့် မူးလျှင်လည်း သွေးဆိုးသည်ကြောင့် လူယုံတွေနှင့်မျှ မဟုတ်လျင် မသောက်ဘူးဆိုတာ ကြင်ယာတော်လေး အခုမှ ယုံရတော့မည်။

ဝမ်းနည်းပက်လက်ငိုကြွေးနေသော ခင်ပွန်းသည်ကြီးက သနားစရာ ခွေးပေါက်လေး တစ်ကောင်လိုပဲ။ဘယ်အချိန်ကတည်းက ရင်ဘတ်ထဲမှာ စုထားသော ဝမ်းနည်းစရာတွေက ပေါက်ကွဲထွက်လာလည်း မသိပေမယ့် ကြင်ယာတော်လေးကို ခပ်တင်းတင်းလေးဖက်ပြီး ငိုကြွေးနေတာက စစ်သူကြီး အားနှင့်ဆို အသားတွေပင် နာကျင်ရသည်ကြောင့် ခပ်ဝေးဝေးမှာ သွားနေခိုင်းတာကို ဝမ်းနည်းပက်လက် ငိုကြွေးနေတာကို မယုံနိုင်ဘူး။

"ကိုကိုက တောင်းပန်ပါတယ်!"

"အာ..အကုိတော်ရေ!"

ခင်ပွန်းသည်ကြီးက ကြင်ယာတော်လေးအတွက်ဆို အမြဲအရှေ့မှာ ကာကွယ်ပေးတတ်ပေမယ့် ဒီလိုမျိုး သနားစရာကောင်းနေတာလေးကလည်း ကြင်ယာ​တော်လေးအတွက် စိတ်ပျက်စရာ မဖြစ်စေဘဲ ချစ်ဖို့ကောင်းနေပြန်သည်။

"ပူသည်" ဆိုပြီး ဆံပင်စည်းထားတာတွေကိုလည်း အတင်းဆွဲဖြုတ်ထားတာကြောင့် မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် မျက်ရည်တွေကြောင့် အမြင်အာရုံက ေကာင်းကောင်းမမြင်ရတိုင်း လက်ဖဝါးနှင့် ပွတ်သပ်သုတ်နေသည်ကြောင့် ငိုနေသည်မှန်း သိပေမယ့် မျက်ခမ်းစပ်တွေ နီလာမည်စိုးသောကြောင့် ကြင်ယာတော်လေးကပဲ ဘေးနားထိုင်ချလိုက်ရင်း ထိုလက်ဖဝါးကြီးတွေကို သိမ်းယူထားလိုက်သည်။

"ယောက်ျားက ကလေးလား?"

စစ်သူကြီးရဲ့ နဂို ဖြူဖွေးသည့် အသားအရေက တပ်ရင်းထဲမှာ နေ့တိုင်းလိုလို လေ့ကျင့်နေရသည်ကြောင့် ပျားရည်ရောင် ပြောင်းလာပေမယ့် ကြင်ယာ​တော်လေးနှင့် အိမ်တော်မှာ အတူနေနေသည့် သုံး၊လေးရက် အတွင်းမှာပဲ အသားအရည်က ပြန်ဖြူလာခဲ့သည်။

GRIEF//Mpreg//Where stories live. Discover now