Chapter_69

1.6K 278 27
                                    


__________U. N. I. C. O. D. E. _________

ကြင်ယာတော်လေး အိမ်ပြန်ရောက်ကတည်းက အားတွေပြည့်လာခဲ့ပြီး စိတ်ကြည်နေခဲ့တဲ့ အမတ်ချုပ်ကြီးက ညနေခင်း ဆေးသောက်ချိန်ရောက်တာတောင် စကားစတွေ မပြတ်နိုင်ခဲ့ဘူး။

ကြင်ယာတော်လေး ပင်ပန်းနေလောက်ပြီဆိုကာမှ စကားစတွေ အတင်းဖြတ်၍ အမတ်ချုပ်ကြီးကို ဆေးတိုက်ပြီး အဆောင်တော်မှာ ထားရစ်ခဲ့ရတော့သည်။ကြင်ယာတော်လေးကိုယ်တိုင်က သမားတော်လေးဖြစ်နေတာ တမူကောင်းသည်ပြောရမည်၊ဖခင်ကြီးကတော့ ပြောရှာသည်။

"သူ့သားလေး တိုက်တဲ့ ဆေးမို့လို့ ပိုအစွမ်းထက်သည် ထင်ရှာသည်"တဲ့။

အမတ်ချုပ်ကြီး အိပ်ပျော်သွားလုလောက်တော့မှ ကြင်ယာတော်လေးက အကိုဖြစ်သူ ဂျီဟယ်နှင့်အတူ အဆောင်အပြင်ဘက်ကို ထွက်လာခဲ့လိုက်သည်။ဂျိုဆွန်းရဲ့ ဆောင်းဦးရာသီနှောင်းပိုင်းကို ရောက်နေပြီဖြစ်သောကြောင့် အအေးပိုလှသည်။

အမတ်မင်းက အိမ်တော်က အစေခံကမ်းပေးတဲ့ စောင်ပုဝါအပါးလေးကို လှမ်းယူလိုက်ပြီး ကြင်ယာတော်လေးကို ဖွဖွလေး ခြုံပေးလိုက်သည်။

"ကျေးဇူးပါ ကိုကိုကြီး"

နီရဲနေသော နှာဖျားလေးနှင့် ဝိုင်းစက်စက်မျက်လုံးလေးတွေဖြင့် မော့ကြည့်ပြီး ပြောလာတဲ့ ကြင်ယာတော်လေးကြောင့် အမတ်မင်းဖြစ်သူက ငယ်စဥ်ကတည်းက ချီပို်းလာခဲ့ရတဲ့ ကလေးလေး ပြန်ရောက်လာပြီအထင်နှင့် မျက်လုံးလေးတွေ ရဲတွတ်သွားခဲ့သည်။

"တောင်းပန်ပါတယ်"

ကြင်ယာတော်လေးကို လုပ်ကြံခဲ့သူက မိမိရဲ့ ဇနီးသည်ဖြစ်သည်ဆိုတာကို ကြားလိုက်ရသည့် အချိန်ကစပြီး အမတ်မင်းမှာ ကမ္ဘာပျက်ရသည်။အကယ်၍များ ဇနီးသည်နှင့် လက်မထပ်ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ၊ ဇနီးသည် မူမမှန်ဖြစ်နေခဲ့တာကို သတိထားမိရင် ဘယ်လောက်ကောင်းမလဲဆိုပြီး အကြိမ်ကြိမ်နောင်တရရသည်။

ဒီလို နုံအပြီး ရိုးရှင်းလွန်းတဲ့ အကိုဖြစ်သူပဲ ရှိတာကြောင့် ယောင်းကလေးလို ဖြူစင်လွန်းလှတဲ့ ကလေးလေးက မျက်မမြင်ဘဝနှင့် ငါးနှစ်တာ နေခဲ့ရသည်ဆိုတာကို ပြန်ပြန်တွေးကြည့်မိရင် တောင်းပန်စကားတောင် ပြောမထွက်နိုင်ရလောက်အောင် ရင်နာလွန်းလှသည်။

GRIEF//Mpreg//Where stories live. Discover now