_____________Z.A.W.G.Y.I.____________
သမားတော်ကြီး ပြန်သွားတော့ အတော်လေးတောင် နောက်ကျနေပြီဖြစ်သည်။
အိမ်တော်က အစေခံတွေကို သမားတော်ကြီးရဲ့ အိမ်အထိရောက်အောင်လိုက်ပို့ခိုင်းလိုက်ပြီး
စစ်သူကြီးကတော့ စိတ်လက်မချမ်းမသာဖြစ်နေပုံပေါ်တဲ့ ကြင်ယာတော်လေးကို ငေးကြည့်နေလေရဲ့။'ကိုယ်ဝန်ဆောင်နိုင်ချေ အရမ်းနည်းတယ်ပြောလို့များ ဝမ်းနည်းနေတာများလား'
စစ်သူကြီးရှင်းသည် သိပ်ကိုမှ ရိုးရိုးတန်းတန်းလေးတွေးတတ်သူဖြစ်သည်။
ငယ်ချစ်ဦး ယောင်းနှင့် လက်ထပ်ပြီးကတည်းက ယောင်းနှင့် အတူတူနေခွင့်ရတာကိုပင် အပျော်ကြီးပျော်လှပြီဖြစ်သည်။ညစာစားပွဲမှာ သိပ်ကိုမှ ငေးမောနေပြီး အာရုံရဟန်မရှိတဲ့ ကြင်ယာတော်ကို ကြည့်ပြီး
စစ်သူကြီးလည်း စိတ်မကောင်းဖြစ်နေလေရဲ့။
ယောင်းတစ်ယောက်သာ စစ်သူကြီးအတွက် အရာရာဖြစ်သည်။"အာ့!!"
ထမင်းစားနေရင်း အတွေးလွန်နေတဲ့ ကြင်ယာတော်ဟာ စစ်သူကြီး ဇွန်းပေါ်တင်ပေးတဲ့ အသားဖတ်လေးတွေနှင့် ဝပုံမရဘဲ
ကိုယ့်နှုတ်ခမ်းကိုယ်ပါ ပြန်ကိုက်မိလေရဲ့။"တယ်!!..ဒီကလေးလေးက..
ဘာတွေအတွေးလွန်နေတာလဲ.."ထမင်းစားပွဲကို ဘေးနားတွန်းဖယ်လိုက်ရင်း
ကြင်ယာတော်လေးနား ရွှေ့ထိုင်လိုက်တယ်။ကြင်ယာတော့်သွားချွန်ချွန်လေးတွေနှင့် မိတ်ဆက်သွားသော အောက်နှုတ်ခမ်း လုံးလုံးလေးက သွေးတွေအများကြီး ထွက်လာနေလေရဲ့။
တစ်ခုခုဆို ဒဏ်နာအနာတရဖြစ်တိုင်း
သွေးမတိတ်တတ်တာကို စစ်သူကြီးက သတိထားမိပေမယ့် အဆိပ်ဒဏ်ကြောင့် ဖြစ်နေတာရယ်လို့တော့မသိ။ကြင်ယာတော့်ကို အသည်းယား၍ ကိုက်ဆွဲထားမိသော အရာလေးတွေကလည်း တော်ရုံ၊တန်ရုံနှင့် မပျောက်တတ်တာကိုလည်း အခုပြန်တွေးကြည့်မှ သတိထားမိတော့သည်။
ကိုက်ရာလေးတွေက တော်ရုံပျောက်တတ်လေ့မရှိတာမလို့ ကြင်ယာတော့်ကိုယ်ပေါ်မှာ စစ်သူကြီးအတွက် ကိုက်စရာနယ်မြေရှားပါးလှသည်၊ ကြင်ယာတော့်ကို ထမင်းများများကျွေးရင်း ဝက်ကလေးဖြစ်အောင်လုပ်ရမည်ဟုတော့ တွေးမိဖူးသည်။
ဝက်ကလေးဖြစ်ရင်တော့ ကိုက်စရာနေရာ ပေါလာမည်ထင်သည်။
YOU ARE READING
GRIEF//Mpreg//
Romanceဒီပုဝါစလေးသာ ဖြုတ်လိုက်ရင် ကြင်ယာတော်လေးဟာ သူတစ်သက်လုံး မမြင်ရတော့ပါဘူးဆိုတဲ့ ဝမ်းနည်းမှုမျိုးနဲ့ ငိုကြွေးတာမျိုးကို မလိုချင်တော့တာမို့ စစ်သူကြီးက ပုဝါအနက်ရောင်ကြီးရဲ့နောက် ဖုံးကွယ်နေပါသော မျက်ခွံမို့မို့လေးတွေ၊မျက်တောင်ကော့ကော့လေးတွေကို ငုံ့ကာ န...