Chapter_17

2.9K 436 23
                                    

______________U.N.I.C.O.D.E._________

စစ်သူကြီးက ပင်ပန်းလွန်းလို့ အိပ်မောကျသွားတဲ့အချိန်မှပဲ ကြင်ယာတော်လေး နိုးလာခဲ့သည်။
စစ်သူကြီးက ကြင်ယာတော်လေးနိုးလာရင် အရင်သိချင်မှာ ဖြစ်ပေမယ့် ကြင်ယာတော်လေးက ခေါ်မနိုးခိုင်းခဲ့ဘူး။

ကြင်ယာတော်လေးကို ပွေ့ဖက်ထား​ေဲ့ လက်ဖျံရိုးတွေကတောင် အသားကျသွားတာကို ခံစားမိနေသည်။
ကြင်ယာတော်လေးက သူ ဘယ်နှရက်တောင် သတိမေ့ပြီး အိပ်ပျော်နေလည်း ဆိုတာတောင် မသိတော့ပေမယ့်
အရင်ရက်တွေကတည်းက ညနေဘက်ဆို အဖျားငွေ့ငွေ့နှင့် ချောင်းခဏခဏဆိုးနေတဲ့ ကြင်ယာတော်လေးကြောင့် ခင်ပွန်းသည်ကြီးက ညဘက်တွေ ကောင်းကောင်းအိပ်ပျော်ခဲ့တာ မဟုတ်ဘူး။

ကြင်ယာတော်လေးက သူတစ်ယောက်တည်းကိုသာ ဂရုစိုက်နေပြီး သူ့ကိုယ်သူ ဂရုမစိုက်တဲ့ စစ်သူကြီးကို စိတ်ဆိုးပစ်ချင်လှသည်။
ဒါပေမယ့်
ပင်ပန်းလွန်းလို့ အိပ်မောကျ​နေတဲ့ ခင်ပွန်းသည်ကြီးကို တွေးမိ​တဲ့အခါ သနားလွန်းလို့ စိတ်တောင် မဆိုးပစ်ရက်တော့ဘူး။

သခင်လေးကို ဖက်ထားတဲ့ လက်တွေကို တွန်းဖယ်ပြီး ထထိုင်လိုက်ပေမယ့် သခင်ကြီးက နိုးမလာခဲ့ဘူး။
ယောင်းရင်ထဲစိုးရိမ်စိတ်ကလေးနှင့်
ခင်ပွန်းသည်ကြီးရဲ နဖူးကို စမ်းကြည့်ပေမယ့် ချွေးစေးတွေထွက်နေရုံလေးကလဲွဲလို့
အဖျားတော့ ရှိမနေခဲ့ဘူး။

လက်ဖဝါးသေးသေးလေးက နဖူးပြင်ကနေစပြီး စစ်သူကြီးရဲ့ မျက်နှာကို တဖြည်းဖြည်းပွတ်သပ်ကြည့်မိတဲ့အခါ အရင်ကလိုမဟုတ်ဘဲ ပိန်ကျသွားတာကို ခံစားမိတော့ ကြင်ယာတော်လေးက မျက်ရည်ဝဲလာခဲ့သည်။

"ကျွန်တော်တို့နှစ်ယောက်မှ ဒီလိုဖြစ်ရတယ်လို့"

စာကြည့်ခန်းထဲမှာ အသင့်စောင့်နေတဲ့ သမားတော်ကြီးက ကြင်ယာတော်လေး နိုးလာတာတွေ့တာနဲ့ သွေးခုန်နှုန်းတွေ တိုင်းကြည့်ပြီး သွေးအားဖြည့်ဆေးတွေရယ်၊ အဆိပ်ပြေဆေးတွေကိုပါ တိုက်လာခဲ့သည်။

တိုင်းရင်းဆေးတွေရဲ့ အနံ့က နှာခေါင်းထဲ တိုးဝင်လာတာနဲ့ ပျို့တက်လာပေမယ့်
ကြင်ယာတော်လေး​က စစ်သူကြီးအတွက် တွေးပြီး ကြိတ်မှိတ်မျိုချလိုက်သည်။
ဆေးတွေသောက်ပြီးတိုင်း ယူချွန်းသကြားလုံးလေးကို ပါးစပ်ထဲ ထိုးထည့်ပေးတဲ့ စစ်သူကြီးက အိပ်ပျော်နေတော့ ဆေးတွေသောက်ရတာ အတော်တော့ခါးသား။

GRIEF//Mpreg//Where stories live. Discover now