_______________U.N.I.C.O.D.E._________
စစ်သူကြီးက ကြင်ယာတော်လေး သဘောအတိုင်း တရားရေးရာစီရင်ရုံးကတစ်ဆင့် အမှုကို စီရင်ချင်သည်ဆိုသောကြောင့်
ခင်ပွန်းသည်ကြီးက သူ့နာမည်နှင့် လိပ်မူပြီး တရားရေးရာရုံးကို အမှုလျှောက်လွှာတင်ခဲ့သည်။စစ်သူကြီးက မရီးကို အရင်နှစ်ယောက်တည်းတွေ့ပြီး စကားပြောချင်ခဲ့ပါသော်လည်း ကြင်ယာတော်လေးက ခွင့်မပြုခဲ့။
ရုံးတော်ကို လျှောက်လွှာအရင်တင်လိုက်သောအခါ ေလျှာက်လွှာရဲ့ထိပ်ဆုံးမှာ
စစ်သူကြီးရဲ့ လက်မှတ်နှင့် တော်ဝင်မိသားစုရဲ့ တံဆိပ်တုံးကို တွေ့လိုက်ရသောအခါ
စစ်သူကြီးရဲ့ အမှုလျှောက်လွှာက တရားရေးရာဝန်ကြီးဆီ တိုက်ရိုက်ရောက်သွားခဲ့သည်။အဓိက ဆွဲချက်တွေကတော့
ကြင်ယာတော်လေးရဲ့ အမြင်အာရုံပျောက်ကွယ်စေရမှုကြောင့် ဖြစ်ပြီး
လူမျိုးရေးခဲွဲခြားမှုကြောင့်ပါ တရားမျှတမှု ရစေရန် ရည်ရွယ်ပြီး စစ်သူကြီးက ေရးသားထားခဲ့သည်။ယခုဧကရာဇ်လက်ထက်တွင် နိုင်ငံတကာဆက်ဆံရေးကို အဓိကထားနေသောကြောင့်
ကပြား ကြင်ယာတော်လေးရဲ့ မတရားခံခဲ့ရမှုသည် သွေးနှောဖြစ်သောကြောင့် ဖြစ်သည်ကို သက်သေပြနိုင်လျှင် မရီးဖြစ်သူအတွက်
အပြစ်ဒဏ်က နည်းလိမ့်မည် မဟုတ်!စစ်သူကြီးက သူကိုယ်တိုင် အပြစ်ပေးနိုင်ပေမယ့် အရင်က စုံစမ်းဖူးသမျှ သက်သေတွေကလည်း လက်ထဲ ရောက်နေပြီဖြစ်သောကြောင့် အလွယ်တကူ ခွင့်ပြုခဲ့သည်။
တရားရေးရာဝန်ကြီးက စစ်သူကြီးရဲ့ ဦးလေးလို လူမျိုးဖြစ်ပြီး
သူတို့ရဲ့ သားသမက်လေးက အမြင်အာရုံတွေ ပျောက်ဆုံးခဲ့ရသည်က ကြာလှပြီဖြစ်ကြောင်း သိခဲ့ပေမယ့်
နောက်ကွယ်မှာ ဒီလို ဖြစ်ရပ်မျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ဘူး။ဂင်အိမ်တော်ရဲ့ မိသားစုဝင်ဖြစ်နေပြီဖြစ်သော သခင်မ မီရေးကို တိုင်ကြားသူရှိကြောင်း သတင်းရသောအခါ အဓိက အံ့အားသငသင့်ရသည်ကတော့ ယောက်ျားဖြစ်သူနှင့် ဂင်ဝန်ကြီးချုပ်ပင်ဖြစ်သည်။
YOU ARE READING
GRIEF//Mpreg//
Romanceဒီပုဝါစလေးသာ ဖြုတ်လိုက်ရင် ကြင်ယာတော်လေးဟာ သူတစ်သက်လုံး မမြင်ရတော့ပါဘူးဆိုတဲ့ ဝမ်းနည်းမှုမျိုးနဲ့ ငိုကြွေးတာမျိုးကို မလိုချင်တော့တာမို့ စစ်သူကြီးက ပုဝါအနက်ရောင်ကြီးရဲ့နောက် ဖုံးကွယ်နေပါသော မျက်ခွံမို့မို့လေးတွေ၊မျက်တောင်ကော့ကော့လေးတွေကို ငုံ့ကာ န...