Chapter_51

2.2K 379 29
                                    

ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေခွင့်ရတာလေးကလည်း ဘုရားသခင်​ ကောင်းချီးပေးတာပါပဲ!

_____________U.N.I.C.O.D.E.__________

"ကလေးလေး..မနက်စာ မစားဘူးဆို!"

စစ်သူကြီးက အဝတ်လဲနေတဲ့တစ်ချိန်လုံး ဘေးနားက ကပ်နေတဲ့ ကြင်ယာတော်လေးကို လှည့်ကြည့်ရင်း မေးလိုက်သည်။ခင်ပွန်းသည်ကြီးနှင့် ကြင်ယာ​တော်လေးက အရပ်သိပ်မကွာပေမယ့် ကိုယ်လုံးကိုယ်ထည်ကတော့ ကွာတာကြောင့် စစ်သူကြီးရဲ့ အတွင်းဝတ်ရုံအောက်မှာ ကြင်ယာ​တော်လေးက ပျောက်နေခဲ့သည်။

"အခုစားနေပါပြီ"

ကြင်ယာတော်လေးက အစာကောင်းကောင်း မစားတာ ကြာပြီဖြစ်သည်။သခင်လေးက ပိန်ကျသွားပြီး ခေါင်းမူးနေတာကလည်း ပုံမှန်လိုဖြစ်နေတာကြာပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်ကမှ ဘုံက ပထမဆုံးအနေနှင့် ကြင်ယာ​တော်လေးရဲ့ နေမကောင်းမှုကို စစ်သူကြီးဆီ စာရေးပြီးပို့ခဲ့သည်။ခင်ပွန်းသည်ကြီးက ပြန်မလာအားလောက်အောင် အလုပ်ရှုပ်နေတာကြောင့် ကြင်ယာတော်လေးက နေမကောင်းလည်း ထမင်းတော့ ပုံမှန်ဝင်အောင် စားပါ့မယ်ဆိုပြီး ဘုံကို ကတိအတင်းပေးလို့ စစ်သူကြီးဆီ အကြောင်းမကြားရန် တောင်းပန်ထားရသည်။

"ပိန်ကျသွားလိုက်တာ! ဒီဘုရင်လည်း စာရရချင်း ​ပြေးလာတာပဲ!"

စစ်သူကြီးက ဘောင်းဘီအရှည်ဝတ်ပြီးပြီဖြစ်သောကြောင့် ကြင်ယာတော်လေးက လက်ထဲမှာကိုင်ထားတဲ့ အတွင်းဝတ်ရုံကို ဖြန့်လိုက်ပြီး စစ်သူကြီးက လက်တွေ ထိုးထည့်ပြီးတော့မှ ကြင်ယာတော်လေးက ရင်ဘတ်မှာ ယှက်ထားသော ကြိုးကို စုပြီး သပ်သပ်ရပ်ရပ်လေး ထုံးပေးလိုက်သည်။

စစ်သူကြီးကို စာပို့ခဲ့တာ တစ်ပတ်လောက်ကြာပြီဖြစ်ပေမယ့် ခင်ပွန်းသည်ကြီးက​တော့ အခုမှ စာကို ရဟန်တူသည်။တစ်ပတ်လုံး စာက ဘယ်ကို ရောက်နေမှန်းမသိပေမယ့် ခင်ပွန်းသည်ကြီးက အခုမှ မောမောပန်းပန်း ပြန်လာတာကို စိတ်မရှုပ်စေချင်သောကြောင့် ကြင်ယာ​တော်လေးက ပြုံးပြီး ဘာမှမဖြစ်ဟန်ဆောင်လိုက်သည်။

GRIEF//Mpreg//Where stories live. Discover now