Chapter_3

7.7K 839 50
                                    

_____________Z.A.W.G.Y.I._________

"အပြင်မှာ နှင်းတွေကျနေတယ် Yong"

ဒီနှစ်ရဲ့ပထမဦးဆုံးနှင်းကျခြင်းက မနေ့က ညလောက်တည်းက အစပြုဟန်တူသည်၊
မနက်မိုးလင်းတော့ နိုးနိုးချင်း တံခါးကို တွန်းဖွင့်ဖို့ပင် မနည်းတိုးလိုက်ရသည်၊
အိမ်တော်ရဲ့ အရှေ့မြေကွက်လပ်မှာ နှင်းတွေပင် ဖွေးလို့..

"ယောင်းလည်း အပြင်သွားချင်တယ်"

စစ်သူကြီးရှင်းရှိမယ့်ဘက်လောက်ကို မှန်းဆပြီး ကြင်ယာတော်ကပြောလေရဲ့၊
နေကောင်းထားခါစမို့ မသွားစေချင်ပေမယ့်လည်း
သမားတော်ပေါက်စက မရရအောင်သွားမည်ဆိုတာ သိနေသည်မို့ အဝတ်ရုံပိုက်ပြီး လိုက်ရမည့် စစ်သူကြီးပင်၊

"မနက်စာစားပြီး လမ်းလျှောက်ကြတာပေါ့"

ယောင်း ဖြီးသင်နေလက်စ ဆံသားအိအိကို အသာငုံ့နမ်းရင်းပြောတော့ ကြင်ယာတော်က ကျောက်စိမ်းဘီးလေးကို လက်ထဲ ထည့်ပေးသည်၊

ကြင်ယာတော်အလိုကျ ဘီးကောက်ဆွဲပြီး အနောက်ဘက် ဝင်ထိုင်လိုက်သော စစ်သူကြီးက ဆံနွယ်ရှင်းခ အနေနှင့် ဆံသားတို့ကို ငုံ့ကာ မွှေးကြူတတ်သလို မထင်ရင် မထင်သလို ပုခုံးသားနွေးနွေးကိုပါ နှာတံအပ်တတ်သေးသည်၊

နားထင်ထက်က ဆံသားနှစ်ဖက်ကို အနောက်ဘက်မှာ စုကာစည်းလိုက်ရင်း ဖဲကြိုးအဝါလေးနှင့် ထုံးသီပေးလိုက်သည်၊
ကျောလယ်ထက် ဝဲနေသော ဆံသားတို့ကို အသာအယာဖြန့်ချထားလေရဲ့၊

နာလန်ထူခါစ ရှိသေးသည်မို့ ရေပေးချိုးတော့မည် မဟုတ်သော်ငြား ဝတ်ရုံအသစ်လဲရမည်ဆို
ရေလေး ချိုးလိုက်ရမှ အာသာပြေတတ်သည့် ခင်ပွန်းပေါက်စရဲ့ အကြောင်းကို သိနေပြီမို့
အနည်းဆုံးတော့ ရေပတ်တိုက်လို့ရအောင်
ဆံပင်တွေအကုန်လုံးကို သိမ်းကျုံးစည်းပေးလိုက်တော့
ဘယ်ညာကားထွက်နေသော နားရွက်ကားကားလေးတွေ.
လည်တိုင်ကျော့ကျော့လေးတွေ.ပုခုံးပြင် ကျဉ်းကျဉ်းရယ်၊

ငေးမဝနိုင်အောင် စောင်းငဲ့ကြည့်တော့ ပါးပြင် နုထွေးထွေးရယ်၊
နှာတံသွယ်စင်းစင်းရယ်၊
အမြဲလိုလို မျက်လွှာချထားပါသော မျက်လုံးကြည်တောက်တောက်လေးတွေရယ်၊
မရယ်မပြုံးဘဲနဲ့တောင် ကွေးညွတ်နေသော နှုတ်ခမ်းပါးလေးရယ်၊
ဘုရားသခင်က သိပ်ဖန်တီးတတ်တာပဲဟု ဩချယူရတာပါပဲ၊

GRIEF//Mpreg//Where stories live. Discover now