Chapter_63

1.8K 309 47
                                    

ဂျိုဆွန်းမှာ အမျိုးသားချင်း လက်ထပ်ကြတာက သိပ်ရှားပါးသည်တော့ မဟုတ်ပေမယ့် ကလေးယူသည့်အိမ်ထောင်မျိုးကတော့ ရှားပါးသည်။အဓိက အကြောင်းအရင်းကတော့ လှေကားထစ်သုံးထောင်ကို အုတ်၊သဲအကြည့်နှင့် တက်နိုင်သည့်သူက ရှားပါးပြီး ဆေးက သေချာ လေ့ကျင့်အားရှိပြီးသား၊ သက်လုံကောင်းသော သူမှသာ ရနိုင်မည့် ဆေးမျိုးဖြစ်သည်။

ဒုတိယကတော့ အမျိုးသား ခင်ပွန်းသည်ကို လက်ထပ်ကြသူ တော်တော်များများက အငယ်၊အနှောင်းအနေဖြင့်သာ လက်ထပ်ကြတာများပြီး ထိုလူကြီးမင်းများအတွက်လည်း မျိုးဆက်အတွက် စိတ်ပူစရာ မလိုရလောက်အောင် ကလေးလေးတွေ မွေးပေးမည့် အမျိုးသမီးများလည်း ရှိသေးသည်ကြောင့် ဖြစ်သည်။

ကြင်ယာတော်လေးရဲ့ ချူချူလေးက ခြောက်လထဲ ဝင်လာပြီဖြစ်ပြီး ဝတ်ရုံပွပွနှင့် ဖုံးဖိ၍ပင် မနိုင်လောက်အောင် ဗိုက်လုံးလုံးလေးကို မြင်နေရပြီဖြစ်သည်။အိမ်တော်မှာပဲ နေတာကများသည်ဖြစ်တာကြောင့် ဝတ်ရုံပွပွအောက်မှာ လုံးလုံးလေး ကြီးပြင်းလာသည့် ချူချူလေးကို မမြင်ဖူးသူ မရှိတော့ဘူး။

အပြင်သွားသည့်အချိန်မျိုးတွင်တော့ ခင်ပွန်းသည်ကြီးရဲ့ အပေါ်ဝတ်ရုံကြီးကြီးကို ခြုံသွားတတ်တာကြောင့် သိပ်ပြီး မသိသာလှပေမယ့် အရင်လို ခြေလှမ်းကြဲကြဲလေးတွေနှင့် ​ခပ်မြန်မြန်မသွားနိုင်တော့သည့် ကြင်ယာတော်လေးက ပါးဖောင်းဖောင်းလေးနှင့် ကားယား၊ကားယား သွားရသော ဘဲပေါက်ကလေး ဖြစ်သည်။

ယခင် ဖြူဖွေးသည့်အသားအရေက ပါးလွှာရသည့်ကြားထဲ ကြင်ယာ​တော်လေးက ပါးကလေးတွေ ဖောင်းလာလို့ ထင်သည်၊ အရေပြားပါးပါးက ပန်းရောင်သမ်းနေပြီး သွေးကြောစိမ်းလေးတွေပါ မြင်ရသည်အထိ ဖောင်းဖောင်းအိအိလေး ဖြစ်လာခဲ့သည်။

ခဏ၊ခဏလည်း အိပ်ငိုက်လာတတ်သော စံပြကျောင်းသားလေးကြောင့် စာပေယဥ်ကျေးမှု ဆရာက သူ ကဗျာတိုင်ပေးနေတာကို သားချော့တေးဆိုနေသလိုမျိုး မှတ်လို့် အိပ်ငိုက်နေသော ကြင်ယာ​တော်လေးကြောင့် သက်ပြင်းအသာချလို့ ယဲ့ယဲ့လေးပြုံးရင်း ဘေးနားမှာ ချထားသည့် ပုဝါစအပါးလေးကို ဖြန့်လိုက်ကာ ကြင်ယာ​တော်လေးကို လွှမ်းခြုံပေးလိုက်သည်။

GRIEF//Mpreg//Where stories live. Discover now