Chapter_68

1.5K 264 145
                                    

___________U. N. I. C. O. D. E. ________

ကြင်ယာတော်လေးက သူ့ရဲ့ တစ်သက်နှင့် တစ်ကိုယ် နေပြည်တော်ကို မပြန်ဖြစ်တော့ဘဲ
ခင်ပွန်းသည်ကြီးနှင့်အတူတူ ဂျော်လာနမ်ဒိုမှာပဲ တစ်သက်လုံး နေဖြစ်သွားတော့မည်ဟု ထင်မိပေမယ့် နေပြည်တော်ကပြန်လာပြီး သိပ်မကြာခင် ခုနှစ်လနီးပါးအကြာမှာပဲ နေပြည်တော်ကို ပြန်လာရမည့် အကြောင်းအရင်း ပေါ်ပေါက်လာခဲ့သည်။

အကိုကြီးဆီက ရိုးရှင်းလှသည့် စာတိုကလေးမှာ ယောင်းကလေးကို ဖြစ်နိုင်ရင် နေပြည်တော်ဆီ တစ်ခေါက်လောက် ပြန်လာပြီး ဖခင်ကြီးမျက်နှာကို လာကြည့်လှည့်ပါဦးဟု ရှင်းရှင်းလေးသာ ရေးထားခဲ့ပေမယ့် နေပြည်တော်က သတင်းတွေအရဆို တဖြည်းဖြည်းချို့ယွင်းလာသည်ဟု ကြားရသည့် ဖခင်ကြီးရဲ့ ကျန်းမာရေးကြောင့် ယောင်းကလေးဟာ စိတ်ပူလာခဲ့သည်။

တဖြည်းဖြည်းရင့်မှည့်လာပြီဖြစ်သည့် ဗိုက်ကလေးကို ထိန်းကိုင်ရင်း တုန်ယင်နေသည့် လက်ကလေးတွေဖြင့် စာတိုလေးကို ပြန်သိမ်းလိုက်ရင်း သက်ပြင်းတိုးတိုးရှိုက်လိုက်လို့ သုံးရက်အတွင်း နေပြည်တော်ကို ပြန်မည်ဟု အစေခံတွေကို ပြောလိုက်သည်။

ဗိုက်လုံးလုံးလေးထဲက ချူချူလေးက တစ်ယောက်တည်းဖြစ်နေသည့် ဖခင်အသေးလေးကို သိပ်စချင်ဟန်တူသည်။ခြောက်လလုံးနီးပါး အအိပ်ကြီးအိပ်နေခဲ့သလို တစ်ချက်ကလေးတောင် မလှုပ်ခဲ့သည့် ချူချူကလေးက ခြောက်လကျော်လို့ ခုနှစ်လထဲ ဝင်လာတဲ့အချိန်မှာပဲ နွေးထွေးသည့် ဗိုက်ကလေးထဲမှာ လူးလွန့်လာခဲ့သည်။

အရင်တုန်းက မဆော့ခဲ့သမျှ အတိုးချဆော့သည်ဟု ထင်ရလောက်အောင် ကြင်ယာတော်လေး အနားယူအိပ်ချိန်မှာတောင် လန့်နိုးလာရလောက်အောင် ဆော့ကစားနေသည့် ချူချူလေးကို ကြင်ယာတော်လေးက အပြစ်မယူခဲ့ဘူး။

"ဖေ့ချူ~~ဘိုးဘိုးကြီးကို သွားတွေ့ကြမယ်နော်!"

ဝတ်ရုံပါးပါးလေးဝတ်ထားလျင် ခြေဖဝါး၊ လက်ဖဝါးသေးသေးလေးတွေကို တွေ့ရလောက်သည်အထိ တွန်းကန်နေတတ်သည့် ချူချူလေးက ဝမ်းဗိုက်သားထက်ကို ရင်းနှီးနေသည့် လက်ဖဝါးနွေးနွေးလေး ထိကပ်လာသည့်အခါ ပိုလို့ပင် ပျော်ရွှင်လို့ လူးလွန့်လာခဲ့သည်။

GRIEF//Mpreg//Where stories live. Discover now