Ep....23

33K 3.4K 1.4K
                                    

#Unicode
"ကျွန်တော်ကတော့ ခင်ဗျားကို မချစ်ဘူး.."

ထယ်ယောင်းဆီမှ မမျှော်လင့်ထားသော စကားသံက စောနက ဂျောင်ဂုရဲ့စကားတွေကို ဖျက်ဆီးလိုက်သလို။

"ကိုယ် ချစ်နေတာကို သိရင်ရပါပြီ...ကျန်တာတော့ ထယ် စိတ်သဘောအတိုင်းပါ.."

"အချစ်?...အဲ့ဒါက တကယ်ရော ရှိခဲ့လို့လား...အထူးသဖြင့် ခင်ဗျားနဲ့ကျွန်တော့်ကြားထဲ ပိုလို့တောင် မဖြစ်နိုင်သေးဘူး.."

ထယ်ယောင်းရဲ့ စကားအဆုံး ဂျောင်ဂုက နားလည်ရခက်တဲ့ အကြည့်မျိုးနဲ့ သူ့ကို ကြည့်လာသည်။

"ဘာကို ဆိုလိုချင်တာလဲ ထယ်.."

"ခင်ဗျား စဥ်းစားကြည့်လေ...ကျွန်တော့်စိတ်ဆန္ဒမပါပဲ အရာအားလုံးကို ခင်ဗျားလုပ်ယူခဲ့တယ်....မင်္ဂလာပွဲကနေစလို့ နောက်ဆုံး ကျွန်တော့် ရဲ့ ခန္ဓာကိုယ် အထိ..."

နောက်ဆုံး စကားမှာ တိုးဝင်သွားသော ထယ်ယောင်းရဲ့ အသံ...
သူလွန်ခဲ့တယ် ဆိုတာကို ဝန်ခံပါတယ်။
ဒါပေမယ့် ကျွန်တော့်မှာ ပြင်ဆင်ဖို့ အခွင့်ရေးမရှိတော့ဘူးလား?

"ဟုတ်တယ်...ဝန်ခံတယ်...မင်း အပေါ် ကိုယ်လွန်ခဲ့တယ်..မင်း အလိုမတူပဲ ပြုမူဆက်ဆံမိလို့ တောင်းပန်တယ်ကွာ...ဒါပေမယ့် အခုက ကိုယ့်စိတ်ရင်းပါ...နည်းနည်းလောက် မြင်ကြည့်ပေးလို့ရမလာ?"

"ဟင့်အင်း....ခင်ဗျားက အလိုမရှိတဲ့အခါ တွန်းထုတ်မယ့် သူမျိုးပဲ....အဲ့လိုလူမျိုးဆီမှာ နှလုံးသားကို ပုံအပ်ရတဲ့အထိ ကျွန်တော် မမိုက်မဲချင်ဘူး..."

ဂျောင်ဂု ဘာပြောရတော့မလဲ?
ပြေလည်ဖို့ ကြိုးစားခဲ့တာတောင်...နောက်ဆုံး သူ့ခံစားချက်တွေကို ထုတ်ပြခဲ့တာတောင် အဆင်မပြေနိုင်ဘူးတဲ့လေ။
ထယ်ယောင်းစိတ်ထဲ သူ့ကို ဒီလောက်ထိမုန်းနေမယ်လို့ သူမတွေးမိခဲ့တာပါ။

"ကိုယ် တောင်းပန်ပါတယ်..."

"မလိုပါဘူး...တောင်းပန်တိုင်းသာ ကျေအေးနိုင်ရင် တရားဥပဒေဆိုတာ ဘယ်ရှိနေမလဲ.."

အတော့်ကို အမှတ်ကြီးသော ထယ်ယောင်းပါ။
ကျွန်တော်ပြောဖူးခဲ့တဲ့စကားနဲ့ ကျွန်တော့်ကို ပြန်ပြီး ပြောပစ်တာ..

BLACK & GREY [completed ]Where stories live. Discover now