Ep....5

31.2K 3.3K 409
                                    

#Unicode
ပြဿနာ လာရှုပ်သော ငတိလေးကို ကွန်ဒ်ိုသို့ ခေါ်လာပြီး ဘာလုပ်ရမယ်မှန်းမသိ။
အခုထက်ထိ ဂျောင်ဂုမှာ ကားထဲက မထွက်ရသေး...
ထိုကောင်လေးကို အထဲသို့ သူဘယ်လ််ိုခေါ်သွားရမလဲ။
ဂျယ်ဆောင်းကလည်း အခုထက်ထိမလာသေး။
သူလည်း ဘာလုပ်ရမယ်မှန်းမသိတာကြောင့် ကားထဲထိုင်နေတာ နာရီဝက်နီးပါးရှိနေပြိီ။
နောက်ဆုံး မထူးတော့ပြီမို့ ကောင်လေးကို ပွေ့ချီ၍သာ သူနေသည့် အလွှာသို့ ခေါ်လာခဲ့ရတော့သည်။

ပိန်းသေးသေးကိုယ်လုံးက ချီလိုက်တော့လည်း နင့်ခနဲ။
ဓါတ်လှေကားထဲရောက်တော့လည်း လက်မအားတဲ့ကြားက နံပါတ်ကိုရအောင် နှိပ်ရသေးသည်။
အခန်းထဲရောက်၍ ဆ််ိုဖာပေါ် ပစ်ချလ်ိုက်တော့ ချထားသည့်အတိုင်း ခွေခွေလေး ...
ဟူးးးးလေးလိုက်တာ...လူကြည့်တော့ ပိန်သေးသေးနဲ့...

ဆေးလိပ်တစ်လိပ်ကို မီးညှိသောက်ပြီး အမောဖြေနေခိုက်...တအီအီအသံပြုရင်း နိုးလာသည့် ချာတိတ်။

"အားးးးကျွတ် ကျွတ်...နာလိုက်တာ.."

လည်ပင်းစောင်းကို ဖိကိုင်ပြီး နိုးလာတာနဲ့ ငြီးငြူနေသော ကောင်လေး။
သူ့ကိုလည်း မြင်ယော ဘီလူး သရဲတွေ့သလို ပြူးတူးပြဲတဲ လုပ်နေသည်။
ဘေးဘီဝဲယာကိုလည်း လိုက်ကြည့်နေပြီးနောက်...

"ခင်ဗျား....ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲ..."

ထယ်ယောင်း အရိုက်ခံရပြီး မေ့သွားခဲ့သည်။
အခုနိုးလာတော့ အခန်းကျယ်ကြီး တစ်ခုထဲမှာ...
သူ့အရှေ့မှာတော့ တက်တူးတွေနဲ့လူက ဆေးလိပ်ထိုင်သောက်နေသည်။

"ခင်ဗျားကို မေးနေတယ်လေ...ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲ..."

ထိုကောင်လေးရဲ့ အော်သံက နားထဲသို့ စူးခနဲ...
ဂျောင်ဂု မျက်မှောင်တစ်ချက်ကျုံ့လိုက်ရင်း...

"တိတ်တိတ်နေစမ်း....ဒါ ငါ့အိမ်....ငါ့လျှို့ဝှက်ချက်တွေ သိသွားတဲ့မင်းကို ငါက ပြန်လွှတ်ပေးလိမ့်မယ် ထင်နေတာလား..."

"တောင်းပန်ပါတယ်...ခင်ဗျား ဘယ်သူဆိုတာကို ကျွန်တော် လျှောက်မပြောပါဘူး...ကျွန်တော့်ကို ပြန်လွှတ်ပေး ကျွန်တော့် အကို စိတ်ပူနေမှာ.."

BLACK & GREY [completed ]Where stories live. Discover now