Ep....13

30.3K 3.1K 1.1K
                                    

#Unicode
အိမ်ရောက်သည်အထိ ဂျောင်ဂုက ဒေါသထွက်နေတုန်း...
တစ်လမ်းလုံးလည်း ဘာစကားမှမပြောပဲ လမ်းဘက်ကို မျက်နှာမူလျက် ပါလာသည်။
ထယ်ယောင်းရဲ့လက်ကိုတော့ နီးစပ်ရာဆေးခန်းတစ်ခုမှာ အရေးပေါ်ကုသမှု ခံယူခဲ့ပြီးပြီ။
လက်ဖဝါးထဲ နစ်ဝင်သွားသော ဖန်ကွဲစ​က အနည်းငယ် နက်တာမို့....ဒဏ်ရာက အတော်တော့နာသည်။

"အဆင်ပြေရဲ့လား...."

မေးခွန်းထုတ်လာသော သူ့လေသံဟာ ဒေါသကြောင့် ခပ်မာမာ။

"ပြေပါတယ်...."

"တောက်ခ်!!!!ဘယ်ကောင်က ဖွလိုက်လို့ အဲ့သတင်းထောက်တွေကရောက်လာရတာလဲ ဟမ်..."

မိမိကိုမေးနေရင်းကနေ ရုတ်တရက်ဂျယ်ဆောင်းဘက်လှည့်ပြီး ကော်လံစကို ဆောင့်ဆွဲကာ ရန်လုပ်နေသော ဂျောင်ဂု...

"ကျွန်တော်လည်း မသိပါဘူး ဘော့စ်.."

"မင်းက ဘာလုပ်နေလို့ မသိရတာလဲ...အသုံးမကျတဲ့ကောင်.."

အားပြင်းပြင်းလက်သီး တစ်ချက်က ဂျယ်ဆောင်း မျက်နှာပေါ်...
သူ့တပည့်ကတော့ ထိုးခံလိုက်ရ၍ လဲကျသွားသော်လည်း ခပ်မြန်မြန်ထရပ်သည်။
ထို့နောက် ခေါင်းကို ငုံ့ချထားပြီးမှ....

"ကျွန်တော် စုံစမ်းလိုက်ပါ့မယ် ဘော့စ်.. "

"အေး...တစ်ခုမကျန် စုံစမ်း...ဂျွန်ဂျောင်ဂုကို လာထိပါးရဲတဲ့ကောင်  ဘယ်ကောင်ပဲ ဖြစ်ဖြစ် ငါသတ်ပစ်မယ်.."

ဂျယ်ဆောင်းက ဂျောင်ဂုကို အရိုသေပေး၍ ခပ်မြန်မြန်ထွက်ခွာသွားသည်။
ဧည့်ခန်းထဲ ကျွန်တော်နဲ့ဂျောင်ဂုသာ ကျန်နေခဲ့ပြီး....ဘာပြောရမယ်မှန်း မသိ။
ဂျောင်ဂုကတော့ ဒေါသထွက်နေတာကြောင့် လက်သီးကို ကျစ်ကျစ်ဆုပ်လျက်  မတ်တပ်ရပ်နေသည်။

"ခင်ဗျား ဒေါသ လျှော့သင့်တယ်.."

ထယ်ယောင်း ပြောလိုက်တော့...

"ဘာဖြစ်တယ်..."

"တကယ်ဆို ဂျယ်ဆောင်းနဲ့မှ မဆိုင်ပဲ..."

"အဲ့ကောင်သာ တာဝန်ကျေကျေလုပ်ရင် အခုဒီလိုတွေ ဖြစ်လာစရာမရှိဘူးလေ..."

"သူက ခင်ဗျားကိုယ်ရံတော်လေ...ခင်ဗျားကို စောင့်ရှောက်ဖို့ကလွဲပြီး ဘာသိမှာလဲ...ခင်ဗျားကယော ဒေါသထွက်ရုံကလွဲပြီး ကျန်တာ မလုပ်တက်တော့ဘူးလား..."

BLACK & GREY [completed ]Where stories live. Discover now