#Unicode
အရှေ့ဘက်ယွန်းယွန်းကနေ ပင်လယ်ကြီးကို မေးတင်ရင်း ထွက်စပြုနေသည့် အသူရာနေမင်း။
ရောင်နီလေး မလုံ့တလုံ ဖြန့်ကျက်ထားတာမို့ ကမ်းခြေတစ်ခုလုံးက လိမ္မော်ရောင် ထင်ဟပ်နေသည်။
လေတဖြူးဖြူးတိုက်ခတ်နေပြီး လှိုင်းသံ တဝုန်းဝုန်းကလည်း ကမ်းခြေကို ရိုတ်ခတ်နေသည်။အနွေးထည်အထူကြီး ဝတ်လျက် နေထွက်တာကို ရပ်ကြည့်နေသူက ဂျောင်ဂု။
မနက်စောစောနိုးနေတာမို့ ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်ခဲ့ခြင်းပင်။
နွေးထွေးစပြုလာသော ရောင်နီပျို့ပျို့က တမျိုးလေးကြည့်လို့ကောင်းသည်။
ကမ်းခြေရောက်ရင် နေထွက်တာကို ကြည့်ရတာက ခံစားချက်တစ်မျိုး။နေထွက်တာကြည့်ရင်း အတွေးလည်းများနေမိသော ဂျောင်ဂု...
မနေ့က ထယ်ယောင်းအပေါ် ပြောတဲ့လေသံကို ပြောင်းလဲကြည့်မယ်လို့ သူပြောဖြစ်ခဲ့သည်။
ထယ်ယောင်းရဲ့ ကွက်ခနဲပျက်သွားသော မျက်နှာကြောင့် သူ့စိတ်ထဲနေရခက်သွားသည်။
ကျောခိုင်းတော့မယ့် ကောင်လေးရဲ့လက်ကို ဆွဲပြီး...ကြိုးစားကြည့်ဖို့ သူပြောခဲ့မိသည်။နှုတ်ဖျားမှ အလိုလိုပေးမိတဲ့ကတိကြောင့် ကိုယ့်ဘာသာတောင်အံ့သြရတဲ့အထိ..
အဲ့အချိန်ခနလေးမှာ ကောင်လေးကို စိတ်မငြိုငြင်စေချင်တဲ့ စိတ်တစ်ခုပဲ ရှိနေခဲ့တာ....
နောက်တစ်ခုက သူနဲ့ကျွန်တော်ကြား တစ်ယောက်ယောက် အလျှော့ပေးမှသာ ပြေလည်နိုင်ဖွယ်ရာ ရှိတယ်လေ။ခနအကြာမှာတော့ အနည်းငယ်အေးသော လေကြောင့် အခန်းထဲသို့ပြန်ခဲ့လိုက်၏။
သူ့ရဲ့ နေရောင်ခြည်လေးကတော့ အိပ်ယာထဲကွေးနေတုန်း...
ညတုန်းက ထယ်ယောင်းအကိုသည် သူတို့ကို တစ်ခန်းထဲ အတူနေခိုင်းတာကြောင့် မကျေမနပ်ဖြင့် စူပုပ်နေတဲ့ ရုပ်လေးကို ....သူ့မှာ ကြိတ်ပြီး အသည်းယားခဲ့ရသေးသည်။ကျွန်တော့်ကို ဆိုဖာပေါ်မှာအိပ်တဲ့...
ညစ်လိုက်ပုံက...!!ဘယ်ရမလဲ... ခုတင်က အကျယ်ကြီးမို့ မင်းမအိပ်ချင်ရင် အောက်ဆင်းအိပ်လို့ပြောတော့လည်း ပေတီးပေစုပ်ရုပ်နဲ့ စိုက်ကြည့်သည်။
နောက်ဆုံးကျ ခုတင်အကျယ်ကြီးရဲ့ ဟိုဘက်စွန်း....ဒီဘက်စွန်းတွင် နှစ်ယောက်သား ကျောခိုင်း၍ အိပ်စက်ခဲ့သည်။
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook