#Unicode
အခန်းထဲပြန်ရောက်တော့ ဂျောင်ဂုစိတ်တွေ ရှုပ်ထွေးနေမိသည်။
ထယ်ယောင်းကို သူဘာကြောင့် နမ်းမိသွားလဲ မသိ။
သူ့မျက်နှာကို တံတွေးနဲ့ထွေး၍ စိတ်တိုသွားမိပေမယ့်....အနီးကပ်မြင်နေရသော ကောင်လေးမျက်နှာကို ကြည့်နေရင်း သူ့ရင်ထဲ ထူးဆန်းနေသော ခံစားချက်နဲ့အတူတူ ဆန်းသစ်နေသော ရင်ခုန်သံ....
သတိဝင်လာချိန်မှာတော့ ကောင်လေးနှုတ်ခမ်းတွေကို နမ်းမိသွားပြီ။
ဂျွန်ဂျောင်ဂု...မင်း တကယ်ပဲ ရူးသွားပြိီလား။ကောင်လေးထွက်ပြေးမှာကို သူသိသိရက်နဲ့ တံခါးကို တမင်ဖွင့်ထားပေးခဲ့သည်။
ပြီးတော့ cctv ကနေတဆင့် သူအကုန်ကြည့်နေခဲ့တာ...
အပြင်က ကားသမားကလည်း သူခိုင်းထားသော ကားသမားပင်။ညတည်းက ထိုကောင်လေးအကြောင်းကို စုံစမ်းကြည့်မိသည်...
ဂျောင်ဂုအတွက် ကောင်လေးအကြောင်းစုံစမ်းတာကအလွယ်လေး....ကောင်လေးက လက်ရှိအထက်တန်းနောက်ဆုံးနှစ် ကျောင်းသား။ကင်မ်ဆော့ဂျင် ဟုအမည်ရသည့် အကိုတစ်ယောက်ရှိတာတွေ.....မိသားစုက ဒယ်ဂူမှာ ဆိုတာအပြင်.....ချစ်သူတစ်ယောက်ရှိတယ်ဆိုတာကအစ သိလိုက်ရသည်။
ကောင်လေးက သူ့အကြောင်းတွေကို အကုန်သိနေသူ....ဒီအတိုင်းတော့ လုံးဝပြန်လွှတ်ပေးလို့ မဖြစ်...ဒါပေမယ့် ကောင်လေး ထွက်ပြေးအောင် လမ်းစဖွင့်ပေးပြီး....အကျပ်ကိုင်၍ ပြန်ခေါ်မယ့် အစီစဥ်ကို တမင်လုပ်မိသည်။
ကောင်လေးထွက်ပြေးမှာကို သူကြောက်နေခဲ့တာလား...ဒါမှမဟုတ် ကောင်လေးက သူ့အကြောင်းတွေ သိနေသူမို့ မလွှတ်ပေးချင်တာလား။ပြန်ခေါ်လာပြီး အခု သတ်ပစ်ဖို့ကျပြန်တော့လည်း....မသတ်ရက်ပြန်တဲ့ သူ့စိတ်တွေက တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။
မနက်ကကောင်လေးကို ရွေးချယ်ခိုင်းမိတဲ့ နည်းလမ်းကိုလည်းကြည့်အုန်း...
သေချင်ရင်သေ မသေချင်ရင် ငါ့ကိုလက်ထပ်တဲ့...
သူ့ကိုယ်သူတောင် ဘာပြောလိုက်မိမှန်းတောင်မသိ။
တကယ်ပါပဲ .... သူ့အတွေးတွေကို အမျိုးစုံကြိုးခုန်အောင် လုပ်နိုင်သော ကောင်လေး...
မင်းလေးက ဘာလားကွာ။
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook