Ep....33

29.4K 2.7K 1K
                                    

#Unicode
တိတ်ဆိတ်နေသော အခန်းထဲ၌ မင်ဆူဟီးရဲ့ ငိုရှိုက်သံတ်ိုးတိုးက ထွက်ပေါ်လို့နေသည်။
အမှန်တရားအားလုံးကို သားဆီဖွင့်ပြောပြီးပြီမ်ို့...သူမကို လက်ခံစေရန်လည်း မသိစိတ်ထဲ၌ မျှော်လင့်မိပြန်သေးသည်။
သားကတော့ တစ်စုံတစ်ရာမဆိုပဲ ငြိမ်သက်နေဆဲ...။

"အကြောင်းစုံက အဲ့ဒါပါပဲ သားရယ်...အမေ့ကို အခုလက်မခံပေးလည်းရပါတယ်..သား သဘောပါ.."

"ဘာကြောင့်လဲ...အနားမှာရှိနေရက်နဲ့ အကြောင်းစုံပေးမသိခဲ့တာ ဘာကြောင့်လဲ?"

တစ်ချိန်လုံးငြိမ်သက်စွာနားထောင်နေတဲ့ သားထံမှ မေးလာသည့် မေးခွန်း...

"အမေ ပြောပြချင်ခဲ့ပါတယ်....ဒါပေမယ့် သားက အမေ့ကို မိထွေးရယ်ဆိုပြီး မုန်းနေခဲ့တာရယ်,ပြောပြဖို့ အခွင့်ရေးတွေ မရှိခဲ့လို့ပါ...အားလုံးထက် သားကို အမှန်တရားတွေ သိစေချင်ခဲ့တာပါ..."

ဂျောင်ဂု ကျလုလုမျက်ရည်တွေကို မိက်တောင်ခတ်ပြီး သိမ်းဆည်းပစ်သည်။
အနားမှာ တောက်လျှောက်ရှိနေခဲ့တဲ့ အမေကို သူစော်ကားမော်ကားပြောခဲ့မိတာတွေက ဘယ်လောက်တောင်များလိုက်သလဲ..?
ဆယ်ကျော်သက်အရွယ်တည်းက အိမ်ကနေခွဲထွက်ပြိိီး နေခဲ့သူမို့ အမေ့မှာ ပြောပြဖို့ အခွင့်ရေးမရခဲ့တာလည်း အမှန်ပင်...။

"နည်းနည်းလောက်ဖြစ်ဖြစ်...ကြိုပြောခဲ့ရမှာ...ကြိုပြောခဲ့မယ်ဆိုရင်...ကျွန်တော် ဒီလောက်ထိအထီးကျန်ခဲ့ရမှာမဟုတ်သလို ရိုင်းစိုင်းမိမှာ မဟုတ်ဘူး.."

"အမေ့ အပြစ်တွေပါ သားရယ်...တောင်းပန်ပါတယ်...ဒီစကားက သားခံစားခဲ့ရတာတွေအတွက် မဖြေသိမ့်နိုင်တာ သိပေမယ့်....တောင်းပန်ပါတယ်....အမေ့ကို လေ သားလက်မခံသေးရင်ရပါတယ်...အမှန်တရားကို သိထားရင် ရပြီမို့...အမေ ကျေနပ်ပါတယ်..အမေ ပြန်နှင့်မယ်..."

သူ့ကို တောင်းပန်စကားဆိုပြီး ထသွားသော အမေ...

"ဘယ်သွားမှာလဲ...ဆယ်နှစ်ကျော် အထိပစ်ထားခဲ့တဲ့ ကျွန်တော့်ကို အခုတာဝန်ယူပြီး ချစ်ပေးသင့်တယ်မဟုတ်ဘူးလား.."

​လှမ်းလက်စ အမေ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။
ငိုနေရင်းနဲ့ပင် အမေက သူ့ကို လှည့်ကြည့်လာသည်။

BLACK & GREY [completed ]Where stories live. Discover now