Ep....11

28.7K 3.1K 701
                                    

#Unicode
ထယ်ယောင်းမှာ လုပ်ချင်တာလုပ်လိုက်ရတာကြောင့် မျက်နှာပေါ်ပျော်ရွှင်ကျေနပ်နေသော အပြုံးလေးနဲ့...
ဒီမင်္ဂလာဝတ်စုံအား အခုလိုဖြဲပစ်လိုက်တာကို ဂျွန်ဂျောင်ဂု သိရင် ဘယ်လိုနေမလဲ မသိ။
မှတ်ထား....ကင်မ်ထယ်ယောင်း ကျွန်တော်က ခင်ဗျားတွေးထားတာထက်  ပိုဆိုးတယ်။

တစ်ယောက်တည်း ကျေနပ်နေမိတုန်း...မြည်လာသည့် ဖုန်းသံ..
ခေါ်ဆိုသူ နာမည်နေရာမှာ ကိုကို တဲ့...
ထယ်ယောင်း အလျင်မြန်ကိုင်လိုက်ရင်း..

"ဟဲလို.."

"ဟဲလို ခလေးလေး..."

"ကိုကိုကဗျာ...ကျွန်တော့်ဆီ ဖုန်းတစ်ချက်တောင် မဆက်ဘူးနော်.. နေနိုင်တယ်.."

ထယ်ယောင်း ဖုန်းပြန်ရတည်းက ဖုန်းကိုဖွင့်ကြည့်တော့ ....ကိုကိုဆီက အဝင်ခေါ်ဆ်ိုမှုလေးတော့ ရှိမယ်ထင်ထားတာ။
ဂျင်ဟျောင်းလ်နဲ့သူငယ်ချင်းတွေခေါ်ထားတာကလွဲပြီး....သူ့ဖုန်းစာရင်းထဲ ကိုကို့နာမည် ရှိမနေ။
ဒါကြောင့် စိတ်ကောက်သလိုလေး ငြူစူစွာဆိုမိတော့...

"ကိုကို တမင်မဆက်တာ မဟုတ်ရပါဘူး ထယ်လေးရဲ့...အခုတလော ကိုကို ပင်ပန်းနေလို့ပါ.."

"ဘာဖြစ်လို့လဲ ကိုကို..."

"ဒီလိုပါပဲ ခလေးရယ်...ကိုကို့မှာ ပင်ပန်းစရာတွေ ရှိနေလို့ပါ..."

"မရဘူးနော် ကိုကို...ကျွန်တော့်ကိုပြောပြ....ကိုကို ဘာစိတ်ပင်ပန်းစရာတွေရှိနေလဲဆိုတာ...ကျွန်တော်လည်း သိခွင့်ရှိတယ်..."

ကိုကို့ရဲ့ သက်ပြင်းချသံ ခပ်တိုးတိုးကြောင့် ထယ်ယောင်းမရမကမေးမိတော့သည်။
ကိုကိုက ခေတ္တမျှ တိတ်ဆိတ်နေပြီး..

"ကိုကို့ အလုပ်ထဲမှာ တာဝန်ပေါ့မိလို့ ပစ္စည်းတစ်ခု ပျက်စိိီးသွားတာ....အဲ့ဒါပြန်လျော်ရမှာမို့...ပိုက်ဆံကိစ္စ ပြဿနာတက်တာပါ...ဒါပေမယ့် ထယ်လေး စိတ်မပူပါနဲ့...ကိုကို ဖြေရှင်းနိုင်ပါတယ်.."

"ဒါများ ကိုကိုရယ်...ထယ် ထုတ်ပေးမှာပေါ့...ဘယ်လောက်တောင် ပြန်လျော်ရမှာမို့လို့လဲ.."

"ဝမ်ငါးသိန်းတည်းပါ...လစာတည်းက နုတ်ခိုင်းပေမယ့် မန်နေဂျာက ချက်ချင်းလျော်ခိုင်းနေတာမို့.."

BLACK & GREY [completed ]Where stories live. Discover now