Ep....1

100K 4.5K 1K
                                    

#Unicode
နံနက်ခင်းရဲ့ နေရောင်ခြည်က ကောင်းကင်မှတဆင့် နေရာအနှံ့သို့အနွေးဓါတ်ကို ဖြန့်ကျက်လို့နေသည်။
သန့်ရှင်းသပ်ရပ်သော ဝန်းကျင်လေးနဲ့ နေချင်စဖွယ် ခြံလေးထဲမှ နှစ်ထပ်တိုက်ပုဖြူဖြူလေး။
ထိုတိုက်ပုဖြူဖြူလေးထဲရှိ မီးဖိုချောင်ဆီမှ ပျံ့လွင့်လာသော ခပ်စူးစူးအသံ....

"ဟိုကောင် ကင်မ်ထယ်ယောင်း....အခုထိ မနိုးနိုင်သေးဘူးလား...ပြီးရင် ကျောင်းနောက်ကျတာတွေ ဘာတွေ မပြောနဲ့နော်...လူကြည့်တော့ မနက်ဆို စောစောစီးစီး အိပ်ယာက မထဘူး..."

ဒါဟ ကင်မ်မိသားစုမှ အကြီးဆုံးသား....ကင်မ်ဆော့ဂျင်ဆီမှ မနက်တိုင်းကြားနေကျ ဓါတ်ပြားဟောင်း။
ထမင်းဘူးလည်း ပြင်ရင်း....ပါးစပ်ကလည်း လော်စပီကာရှုံးသော အသံဖြင့်အပေါ်ထပ်ကို လှမ်းအော်သည်။အငယ်ဆုံးသားဖြစ်သူ ကင်မ်ထယ်ယောင်း.....သူ့ရဲ့ချစ်လှစွာသော ညီငယ်ကတော့ နားထဲဂွမ်းဆ်ို့ပြီး အိပ်နေတာကြောင့် သူ့အကို ဘယ်လောက်အော်အော် မကြား။

"ဒီလောက်အော်နေတာတောင် မထတဲ့အကောင် နေအုန်း ငါနဲ့တွေ့မယ်.."

ယောင်းမကြီး ကိုင်၍ အိမ်ပေါ်အပေါ်ထပ်သို့ တက်လာသော ဆော့ဂျင်။
ထယ်ထယ်ဟုခလေးဆန်ဆန်ရေးထားသည့် အခန်းတံခါးကို ဖွင့်ပြီး ဝင်လိုက်တော့....သူခိုးဝင်ထားသည့်နှယ် ရှုပ်ပွနေသော ပစ္စည်းတွေ။
ထိုပစ္စည်းတွေကို ခွကျော်၍ ခုတင်ထက်အိပ်နေသော ထယ်ယောင်းအနီးသို့ သွားကာ....

"ကင်မ်ထယ်ယောင်း!!!"

ခါးထောက်ပြီး ကျုံးအော်လည်း တုပ်တုပ်တောင်မလှုပ်သော အမောင်ထယ်ယောင်း။
ဆော့ဂျင် စိတ်က ခပ်ရှည်ရှည်နဲ့နော်...
မိမိအသံက တစ်ရပ်ကွက်လုံးကြားနိုင်တဲ့ အနေအထားကို....ထိုဟာလေးက ဘာကြောင့်မနိုးလဲပေါ့။
ခုတင်နား သေချာကပ်ကြည့်မှ ဒင်းကနားထဲဂွမ်းဆို့ထားတာကိုး။
ဆော့ဂျင်ကို ဒီလိုစမ်းလို့ ဘယ်ရမလဲ။

"အင့်ဟယ်....အင့်ဟယ်..."

သူ့လက်ထဲမှ ယောင်းမနဲ့ ထယ်ယောင်းခေါင်းပေါ်သို့ နှစ်ချက်လောက် ဆင့်ခေါက်လိုက်၏

ထူပူသွားသော ခေါင်းဆီမှ နာကျင်မှုကြောင့် ထယ်ယောင်းအားခနဲအော်ရင်း ခေါင်းကိုပွတ်လျက် နိုးလာသည်။
တရားခံက သူ့ရဲ့နှစ်ယောက်မရှိသော အကိုကြီး ဆော့ဂျင်လက်ချက်။
ယောင်းမကြီးကိုင်ပြီး ဂုဏ်ဆာပြုံးကြီးနဲ့..

BLACK & GREY [completed ]Where stories live. Discover now