#Unicode
ဒီနေ့မနက် ကျောင်းသွားရန်အတွက် ထယ်ယောင်း ပြင်ဆင်ပြီးပြီ။
အဆုံးသတ်အနေနဲ့ ခေါင်းပေါ်က ဆံပင်ပျော့ပျော့တွေကို Hair Spary ဖျန်းလိုက်၏။
ခေါင်းကို ဘယ်ညာယမ်းရင်း မှန်ထဲက သူ့ပုံသူ ပြန်ကြည့်လိုက်ပြီး....မျက်စိတစ်ဖက်မှိတ်ပြလိုက်၏
ထယ်ယောင်းက တခါတလေ အဲ့လိုလည်း ပေါတောတောနိုင်သေးသည်။
သူ့အတွက် အခန်းသပ်သပ်ပေးထားသည်ကိုပဲ ကျေးဇူးတင်ရသည်။
မဟုတ်ရင် ဟိုလူ့ဂွစာက ပြောချင်ပြောနေအုန်းမှာ....အဆင်သင့်ဖြစ်ပြီမို့ လွယ်အိတ်ကို လွယ်လျက် အခန်းပြင်ထွက်လိုက်၏။
တံခါးမကြီးကို ရောက်ရန် ....သူဧည့်ခန်းထဲက ဖြတ်တော့ ဆိုဖာထက်ထိုင်ရင်းကော်ဖီသောက်နေသည့် လူ...
ကြည့်ရတာ ကော်ဖီကြိုက်တဲ့ပုံပဲ။
ထယ်ယောင်းနဲ့တော့ အကြိုက်က လုံးဝဆန့်ကျင်ဘက်...ကော်ဖီဆို အနံ့တောင်မရှုချင်သော ထယ်ယောင်း။"မနက်စာ သွားစား..."
ထယ်ယောင်း သူ့ကိုမကြည့်ပဲ..
"တော်ပြီ....ဗိုက်မဆာဘူး.."
ထယ်ယောင်းစကားနဲ့ဆန့်ကျင်စွာထွက်လာသော ဗိုက်ထဲက အသံ။
"ဂွီ!!"
စောက်ကျင့် မကောင်းတဲ့ ဗိုက်။
သူမေးမှ ထအော်ရသလား...."အိုက်တင်ခံမနေနဲ့ စားစရာရှိတာ သွားစား...သထာလို့မဟုတ်ဘူး။
ငါ့အိမ်မှာနေတော့ အစာလည်းကျွေးရမှာ ငါ့တာဝန်မို့..."ပြောတာကိုက အတော်စားချင်စရာ။
ဆက်ပြောရင်လည်း စောစောစီးစီး ရန်ထပ်ဖြစ်ရမှာ...
ညဘက်တွေဆို အစားသိပ်မစားသော ထယ်ယောင်းက....မျက်စိနှစ်လုံးပွင့်တာနဲ့ ဗိုက်ဆာတက်သူပင်။
သူကျွေးတာမို့ မစားချင်၍ အိုက်တင်ခံသော်လည်း....အလိုက်မသိသော ဗိုက်ကြောင့် အခုစားရတော့မည်။
ထမင်းစားပွဲမှာ သူဝင်ထိုင်လိုက်တော့ စတော်ဘယ်ရီယိုဘူးနဲ့ပေါင်မုန့်မီးကင်....ပြီးတော့ နွားနို့တစ်ခွက်။အိမ်မှာစားနေကျပုံစံအတိုင်းမို့ ထယ်ယောင်း နည်းနည်းတော့ အံ့သြသွားရသည်။
"စားစရာရှိတာစား....ငါမစားဖြစ်လို့အိမ်မှာ ပိုနေတာ ထုတ်ကျွေးတာ....ပြီးရင် ဂျယ်ဆောင်း လိုက်ပို့လိမ့်မယ်...ညနေလည်း ဂျယ်ဆောင်းပဲ လာကြိုလိမ့်မယ်....ထွက်ပြေးရင် အဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်...ဂျယ်ဆောင်း သေချာစောင့်ကြည့်ထား..."
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook