Ep....18

31.4K 3.2K 914
                                    

#Unicode
တိတ်ဆိတ်နေတဲ့ အခန်းကျဥ်းတစ်ခုထဲရှိ ထိုင်ခုံပေါ်၌ကြိုးတုပ်ခံထားရသော အမျိုးသားတစ်ဦး...
လက်တွေခြေထောက်တွေက ထိုင်ခုံနဲ့တွဲချည်ထားခြင်းခံထားရတာကြောင့် လှုပ်မရ...
ပါးစပ်ကိုလည်း တိတ်နဲ့ပိတ်ထားတာကြောင့် ဝူးဝူးဝါးဝါးသာ အော်နိုင်သည်။

သူ အလုပ်ကအပြန် ငှားစီးလာသော Taxi က ပြန်ပေးဆွဲသမားတွေ ဖြစ်နေလိမ့်မယ်လို့ သူဘယ်လိုသိမှာလဲ?
သူ့ချစ်သူ နဲ့လက်ထပ်ပြီး ဆိုးလ်ကိုပြောင်းနေတာမှ မကြာသေးတာကို...သူ့ကို ဘယ်သူက အငြိုးတေးထားနေတာလဲ။
အခုလည်း ဘယ်နေရာ ဘယ်ဒေသမှန်းမသိပဲ အခန်းကျဥ်းထဲ၌ ဖမ်းဆီးခြင်းခံထားရပြန်သည်။

"ရှပ်..ရှပ်...ရှပ်...ရှပ်.."

ကြမ်းပြင်ကို ဖြတ်လျှောက်လာသည့် ဖိနပ်သံ ခပ်စိပ်စိပ်နှစ်ခုက...တိတ်ဆိတ်နေသော အခန်းထဲ၌ ခြောက်ခြားစဖွယ်ထွက်ပေါ်လာသည်။
ဝါကျင့်ကျင့်မီးရောင်ကို အားပြုကာ ကြည့်တော့...အခန်းထဲဝင်လာသူက အနက်ရောင်လောင်းကုတ်ရှည်ကိုဝတ်ဆင်ထားပြီး...နဖူးပေါ်သည်အထိ ဆံပင်တွေကို လှန်သိမ်းထားသည်။

သူ့တပည့်ဖြစ်ပုံရသော နောက်တစ်ယောက်က.... သူ့ပါးစပ်မှ တိပ်တွေကို လာဆွဲခွာပေးသည်။

" ခင်ဗျားတို့က ဘယ်သူလဲ..ကျွန်တော့်ကို ဘာကြောင့် ဖမ်းထားတာလဲ.."

သူ့ရှေ့မှ လူက မဖြေ။
အင်္ကျီလက်ရှည်ကိုသာ တံတောင်ဆစ်နားထိ ဆွဲတင်နေသည်မှာ အေးအေးဆေးဆေး။
လက်ဖျံတစ်လျှောက်ပေါ်သော အရုပ်တွေက ဆေးမှင်ကြောင် စုတ်ချက်တွေ...

"မလောပါနဲ့...ဖြေးဖြေးပေါ့..ဟန်ဂျီဝန်းရှီး!"

Mask တပ်ထားတာမို့ မျက်နှာကို သေချာမမြင်ရပေမယ့်....နှုတ်ဖျားက ထွက်ပေါ်လာသော အသံသည် ချိုသာသော်လည်း အနည်းငယ်အေးစက်၏။

"ခင်ဗျား ဘယ်သူလဲ...ကျွန်တော်နဲ့နာမည်ကို ဘယ်လိုသိနေတာလဲ..."

"ဘယ်လိုသိလဲဆိုတာ မင်းသိစရာမလိုဘူး..."

"ခင်ဗျားလိုရင်းပဲပြော ..ကျွန်တော့်ကို ဘာကိစ္စနဲ့ ဖမ်းထားတာလဲလို့.."

"အဟက်..လိုရင်းကို ပြောရမယ်...ကောင်းပြီ ပြောတာပေါ့...ဖမ်းထားရတဲ့ အဓိက အကြောင်းရင်းက ကင်မ်ထယ်ယောင်း...ဒီနာမည်ကိုတော့  မှတ်မိပါတယ်နော်.."

BLACK & GREY [completed ]Where stories live. Discover now