Ep....27

29.8K 3K 1K
                                    

#Unicode
မနက်ခင်း ဝေလီဝေလင်းကြီး အိမ်ပြန်ရောက်လာသော ဂျောင်ဂု။
အိမ်နားနီးကပ်လာလေ....သူ့ရင်တွေ ပိုတုန်လာရလေ။
ဓါတ်လှေကား တရိပ်ရိပ်တက်နေတာတောင် သူ့စိတ်တွေမရှည်ချင်။

အခန်းရှေ့ရောက်ရောက်ချင်း ယဲ့ယဲ့သာကျန်သော အင်အားနဲ့ အထဲကို အတင်းဝင်ပြေးသော ဘော့စ်ကြောင့် ဂျယ်ဆောင်းမှာ နံဘေးနားကနေ အလျင်မြန် လိုက်ထိန်းရသည်။

"ထယ်...ထယ်ယောင်း.."

ပါးစပ်မှလည်း တကြော်ကြော်ခေါ်ရင်း....အိပ်ခန်းတံခါးကို သူအဆက်မပြတ် ခေါက်နေမိသည်။

"ထယ်....အထဲမှာလား..ဘေဘီ...!"

ထယ်ယောင်းမှာ အိပ်နေရာကနေ မိမိကို ခေါ်သံကြောင့် လူက ဆတ်ခနဲလန့်နိုးသွားရသည်။
ဂျောင်ဂု အစောကြီး ပြန်ရောက်လာတာလား..?

"လာပြီ..."

ခုတင်ပေါ်က ပြေးဆင်းပြီး တံခါးကိုဆွဲဖွင့်လိုက်တော့ ဂျောင်ဂုရယ်....မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့။

"ဂျောင်ဂု...ခင်ဗျား မျက်နှာ..အင့်!!"

စကားတောင်မဆုံးလိုက်ပဲ သန်မာသောလက်တွေကြား ပွေ့ဖက်ခြင်းကို ခံလိုက်ရတာမို့ လူက အင့်ခနဲတောင် အသံထွက်သွားရသည်။

"တော်ပါသေးရဲ့...တကယ် တော်သေးတယ်.."

မိမိကို လွတ်ထွက်သွားမှာစိုးသည့်အလား...အတင်းအကျပ်ပွေ့ဖက်ပြီး ပြောနေသော ဂျောင်ဂုကြောင့် ထယ်ယောင်းမှာ နားမလည်နိုင်။

"ဘာဖြစ်လို့လဲ ဂျောင်ဂု...ကျွန်တော့်ကို ကြည့်ပါအုန်း.."

ထယ်ယောင်း လူချင်းဆွဲခွာပြီး သူ့မျက်နှာကိုကြည့်တော့...မျက်ရည်တွေ စီးကျနေပြီး ကျွန်တော့်ကိုစိုက်ကြည့်နေသည်။

ထို့နောက်....မျက်လုံးတွေ မှိတ်ပြီး ပုခုံးထက်ပြိုကျလာသော ဂျောင်ဂုကြောင့် ထယ်ယောင်းမှာ အလန့်တကြား ထိန်းလိုက်သော်လည်း....ဂျောင်ဂုက ကြမ်းပြင်ပေါ်သို့ ခွေကျသွားတာမို့ သူပါ အလိုက်သင့်လေးထိုင်ချမိ၏။

"ဂျောင်ဂု...ဘာဖြစ်တာလဲ..ဂျောင်ဂု....ထပါအုန်း...ဂျယ်ဆောင်း သူဘာဖြစ်လာတာလဲ.."

BLACK & GREY [completed ]Where stories live. Discover now