Ep....9

30K 3.3K 698
                                    

#Unicode
ထယ်ယောင်းညက တစ်ညလုံးတော်တော်နဲ့ အိပ်မပျော်ခဲ့တာမို့...လူက မျက်တွင်းတွေကျနေပြီ။
ဒီဆိုဖာထက်မှာပင် ရှိုက်ငိုရင်း ထိုင်နေမိသည်မှာညတော်တော်နက်တဲ့အထိ...
မနက်လေးနာရီလောက်ကမှ ပင်ပန်းလွန်း၍ မှိတ်ကျသွားသော မျက်ခွံတွေ...
ဒါတောင် အခုခုနှစ်နာရီချိန်မှာ ပြန်နိုးလာသည်။
အရင်ကဆို ဒီချိန်နိုးဖို့မပြောနဲ့....ဂျင်ဟျောင်းလ်လာနှိုးရင်တောင် သူမနိုးတာမို့...ခနခနအဆော်ခံထိသည်မဟုတ်ပါလား။
ထယ်ယောင်း အိမ်ကို အရမ်းလွမ်းနေပြီ။
ကျောင်းလည်း ပျက်ရက်တွေဖြစ်နေပြီး သူငယ်ချင်းတွေကိုလည်း သတိရနေမိပါသည်...
ထိုင်စဥ်းစားနေစဥ် မျက်လုံးထောင့်ကနေ တစွန်းတစမြင်လိုက်ရသော အရိပ်တစ်ခု...
ဂျွန်ဂျောင်ဂု လည်းအိပ်ယာက ထလာသည့်ပုံ....
သူထိုင်နေသည့် ဆိုဖာရှေ့ကနေ ဖြတ်လျှောက်သော ဂျောင်ဂုကို....

"ကျွန်တော် ကျောင်းကို သွားလို့ရမလား..."

ညတုန်းကစကားများထားပြီးသူ့ကိုရိုက်လို့ မကျေနပ်ပေမယ့်...ထယ်ယောင်း အေးဆေး တောင်းဆိုမိသည်။
လှည့်ကြည့်လာသည့် ဂျောင်ဂုမျက်နှာက ညိုးနွမ်းလို့နေ၏
ဘုရားရေ....သူ့ညာလက်မှာ ပတ်တီးစီးထားပြီး...ထိုပတ်တီးကို နီစွေးသည်အထိ သွေးထွက်လို့နေသည်။

"ခင်ဗျားရဲ့လက်..."

ထယ်ယောင်း ပါးစပ်ကရေရွတ်ရင်း ဂျောင်ဂုလက်တွေကို ဆွဲယူကြည့်မိသည်။
ဒဏ်ရာကိုလည်း ဆေးမထည့်ထားသည့်အပြင်...ပတ်တီးကိုလည်း ဖြစ်သလို စည်းထားတာကြောင့် သွေးမတိတ်တာဖြစ်မည်။

"ဖယ်...ဒီလောက်နဲ့ ငါမသေနိုင်ဘူး.."

"သွေးတွေ အများကြီးထွက်နေတာလေ...ခင်ဗျားမျက်နှာကိုယော မှန်ထဲမှာ ပြန်ကြည့်ပြီးပြီလား....သွေးမရှိပဲ ဖြူရော်နေတာ.."

အမှန်တိုင်းပြောရရင် ဂျောင်ဂုခေါင်းတွေမူးနောက်နေသည်။
ဒဏ်ရာက တစ်ညလုံးတဆစ်ဆစ်နာပြီး အိပ်မရပေမယ့် အကိုက်ခဲပျောက်ဆေးသောက်၍....ကြိတ်မှိတ်နေခဲ့တာ ။
အခုလည်း ရေငတ်လာတာကြောင့် ထလာရာမှ ထယ်ယောင်းက တွေ့သွားခြင်း။

"ဒီမှာထိုင်လိုက်....ဆေးထည့်ရအောင်.."

"မလိုဘူး..."

BLACK & GREY [completed ]Where stories live. Discover now