#Unicode
နောက်တစ်နေ့ညနေပိုင်း ချိန်းဆိုထားသည့်အချိန်တွင်ရောက်လာသော ဂျောင်ဂု။
သူ့တပည့်ရဲ့လက်ထဲမှာလည်း အထုပ်တွေ တပွေ့တပိုက်နဲ့ရယ်...
အိုမားတို့ကတော့ မတော်ရသေးသည့် သမက်လာရင် ကျွေးဖို့ဆိုပြီး ချက်ပြုတ်ထားတာများ အလျှံအပယ်။
သူ့မွေးနေ့တုန်းကတောင် အဲ့လောက်အမျိုးစားမစုံ..
စိတ်အရှိတိုင်းသာဆို ဟိုလူ့ကို ရေပဲ တိုက်စေချင်သည်။"ကဲ လာကွယ်...သား ကို မျှော်နေတာ.."
ထယ်ယောင်းနဲ့မျက်နှာချင်းဆင်သည့် အမျိုးသမီးက သူအိမ်ထဲရောက်ရောက်ချင်း နွေးထွေးစွာ ကြိုဆိုသည်။
သူမရဲ့သားဟုခေါ်သည့်အသံကို ကြားတော့ သတိရမိသွားတာက သူ့အိုမားကို..."ဟုတ်ကဲ့..."
"ကဲ အန်တီတို့ မိတ်ဆက်ပါရစေ...အန်တီက ထယ်ယောင်းရဲ့အမေ...ဟောဒီကတော့ ထယ်ယောင်းရဲ့ အဖေပါ..."
ဂျောင်ဂု ဦးညွှတ်၍ အရိုသေပေးလိုက်ရင်း..
"မင်္ဂလာပါခင်ဗျာ...ကျွန်တော့် နာမည်က ဂျွန်ဂျောင်ဂုပါ.."
ယဥ်ကျေးစွာ လောကွတ်ပြုခြင်းအမှုကို ပထမဆုံးအကြိမ်အဖြစ် ဂျောင်ဂုကျင့်သုံးမိခြင်း...
လေသံကို အတက်နိုင်ဆုံး နှိမ့်ချပြောထားတာမို့ အဆင်ပြေမှာပါလေ။"ကဲ ထိုင်ပါအုန်း...ဦးတို့ကလည်း မောင်ရင့်ကို တစ်ခါမှ မတွေ့ဖူးသေးတာကြောင့် တူတူထမင်းစားရအောင် ဖိတ်လိုက်တာကွယ်."
"ဟုတ်ကဲ့.."
ထယ်ယောင်းရဲ့Appa က စကားလည်းပြောရင်း ဂျောင်ဂုကိုလည်း အကဲခတ်ကြည့်မိသည်။
Suit အနက်ရောင်ကို သေသပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း နောက်သို့ သေသေသပ်သပ်လှန်ဖီးထားသည်မှာ ယောင်္ကျားပီသစေသည်။
မေးရိုးထင်းထင်းတွေက ပေါ်လွင်နေပြီး ထင်ရှားသော မျက်ခုံးတန်းတွေက မည်းနက်စွာ။
ကော့ညွှတ်နေသော နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ထားပြီး...မျက်ဝန်းဝိုင်းဝိုင်းလေးတွေက တောက်ပသော်လည်း အကြည့်တို့ကအေးစက်စက်..
လက်ခုံပေါ်က တက်တူးတွေကို တွေ့လိုက်တာကြောင့် အနည်းငယ် မနှစ်မြို့သော်လည်း....ထုတ်မပြောမိတော့။
ခေတ်လူငယ်မဟုတ်ပါလား...
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook