Ep....30

27.6K 2.8K 812
                                    

#Unicode
ဆေးရုံခုတင်ထက်မှာ အိပ်ပျော်နေသော ဘေဘီ...။
ဘေဘီလက်ခုံဖြူဖြူလေးပေါ် ထိုးစိုက်ထားရသည့် ဆေးထိုးအပ်ကို မြင်တိုင်း ဂျောင်ဂုမှာ ရင်နာရသည်။
ဒ်ီလောက်တောင် ဂရုစိုက်နေတဲ့ကြားထဲကနေ ထိခိုက်သွားခဲ့ပြန်သည်။

ထယ်ယောင်းရဲ့ဗိုက်ထဲမှာ အဆိပ်အချို့ကို တွေ့ရသည်ဟု ဆရာဝန်ပြောတာကို ပြန်ကြားယောင်မိတော့ ဂျောင်ဂုအံကို တင်းတင်းကြိတ်ထားမိသည်။
ကံကောင်းသွားသည်က ထိုအချိုရည်ကို ထယ်ယောင်းက နည်းနည်းပဲ သောက်လိုက်မိ၍ ခံသာသွားတာ...
တစ်ခွက်လုံးသာသောက်မိရင် ဂျောင်ဂုမတွေးဝံ့တော့...

ဆုံးရှုံးမခံနိုင်ပါဘူးဆ်ိုမှ ဒိီအဖိုးတန်လေးက်ိုပဲ လာလာထိခိုက်နေကြသူတွေကို အပြစ်ပေးဖို့တော့ လ်ိုနေပြီ။

အိပ်ပျော်နေတဲ့ ဘေဘီနဖူးလေးကို တစ်ချက်ဖိနမ်းပြီး သူအပြင်ထွက်ဖို့ ပြင်လိုက်၏။

"ဂျယ်ဆောင်း.."

"ဟုတ်ကဲ့ ဘော့စ်.."

"ငါ အပြင်ခနသွားမှာမို့ ထယ်ယောင်းကို သေချာစောင့်ကြည့်ထားပါ..."

"စိတ်ချပါ ဘော့စ်.."

မှာစရာရှိတာ မှာပြီးနောက် ထွက်သွားသော ဘော့စ်...
မေးရိုးတွေထောင်နေသည်အထိ အံကြိတ်ထားပုံအရ...အတော်လေး ဒေါသထွက်နေသည့် အခြေနေ။

ဒီကိစ္စမှာ ဘော့စ်ရဲ့ညီ ဂျင်ဝူးကိုဂျယ်ဆောင်း သံသယဝင်မိသည်။
ပထမတစ်ခါ သခင်လေးမြင်းပေါ်က ပြုတ်ကျတုန်းက ဂျင်ဝူးလုပ်တာမှန်း ဂျယ်ဆောင်းသိသည်။
ဘောစ့်နဲ့သခင်လေး အဆင်ပြေခါစ အချိန်မို့ သူထုတ်မပြောဖြစ်ခဲ့...။

အခုတစ်ခါ သခင်လေးရဲ့ အဆိပ်မိတဲ့ ကိစ္စမှာလည်း ဂျယ်ဆောင်းကတော့ ဘော့စ်ရဲ့ ညီကိုသာ ထင်နေမိသည်။
ဘာဖြစ်လို့လဲဆိုတော့....မစားရတဲ့ အမဲကို သဲနဲ့ပက်တဲ့ အကျင့်မျိုး ဂျင်ဝူးမှာ ရှိနေလို့ပဲ။

ဘော့စ်နားမှာ ငယ်ငယ်တည်းကနေလာသော သူက ထိုအိမ်က ဘယ်သူတွေကောင်းတယ်...မကောင်းဘူးဆိုတာ အကုန်သိသည်။
ခပ်ငယ်ငယ်တည်းက ဂျင်ဝူးဟာ ဘော့စ်အပေါ် မနာလိုစိတ် ကြီးမားသည်။

BLACK & GREY [completed ]Where stories live. Discover now