#Unicode
ရေကူးကန်နံဘေးနားမှာ ပေါက်ကွဲလျက်ရှိသော ဂျင်ဝူး။
ထယ်ယောင်းရဲ့လက်ကို ဆွဲခေါ်သွားတဲ့ ဂျောင်ဂုက သူ့အတွက်တော့ ဆူးညှောင့်တစ်ခုပင်။"ကျရှုံးခန်းကြီးက နည်းနည်းတော့ မလှပါလား ငါ့မောင်.."
အသံပိုင်ရှင်က အနီရောင် ကိုယ်ကျပ်ဝတ်စုံနဲ့ လှနေသည့် သူ့ရဲ့အမ ယွန်းဆောင်းမီ။
သူမက ဒီပွဲရဲ့ ပိုင်ရှင်နဲ့သိတာကြောင့် ပွဲကို ရောက်နေခြင်းပင်။
ဝိုင်ခွက်နှစ်ခုကို ကိုင်ပြီး တစ်လှမ်းချင်းလျှောက်လာနေသည်။
အနားရောက်တော့ သူ့ကိုဝိုင်တစ်ခွက်လှမ်းပေးသည်။"မြင်လိုက်တယ်ပေါ့.."
"ဒါပေါ့....ငါ့မောင်လေးက ရှုံးပြီးရင်း ရှုံးနေတော့တာပဲ..."
"ရှုံးတဲ့ထိတော့ မဟုတ်သေးပါဘူး...ခနအနိုင်ပေးထားရုံပဲ...ဂျွန်ဂျင်ဝူးက လိုချင်တာဆို မရရအောင် ယူတက်သူပါဗျ..."
"အမ အကူညီပေးရမလား..ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ရဲ့ ပစ်မှတ်တွေက တစ်ခုတည်းဆိုတော့လေ.. "
ဂျင်ဝူး အလိုလိုပြုံးလိုက်မိသည်။
ငါ့အမက ဂျောင်ဂုကို ကြွေနေတုန်းပဲကိုး။"လုပ်လိုက်လေ...ထယ်ယောင်းကိုသာ ပိုင်ဆိုင်ရရင် ဖြစ်တယ်.."
"အိုခေ ငါကလည်း ဂျွန်ဂျောင်ဂုကိုပဲ လိုချင်တာ..."
"ဒါဆို !!!"
နှစ်ယောက်လုံး မျက်နှာထက် အပြုံးကိုယ်စီနဲ့ဝိုင်ခွက်ကို တိုက်လိုက်သည်။
ခွပ်ခနဲ ဖန်ခွက်ချင်းထိသံက သူတို့ရဲ့ အကြံစည်ကို အားပေးအားမြှောက်လုပ်နေသည့် အထိမ်းအမှတ်....
.
.
.
.
.
.
တစ်ခုသော တနင်္ဂနွေနေ့ရဲ့ မနက်ခင်းမှာ ထယ်ယောင်းဆီကို ရောက်ချလာကြသော သူငယ်ချင်းများ။
ဂျီမင်,ယွန်းဂီဟျောင်းလ်နဲ့ ဆော့ဂျင်ဟျောင်းလ်ပါ ပါသေးသည်။
ထယ်ယောင်းက အိပ်ယာထဲမှာ အပျင်းတစ်နေတုန်းပဲ ရှိသေး...
အခန်းထဲကို မုန်တိုင်းဝင်သလို ဝုန်းခနဲရောက်လာကြသော ဟျောင်းလ်တို့..."ဟေးးးးထယ်ယောင်း ထတော့...ငါတို့ လာလည်တယ်...."
အိပ်နေသော ထယ်ယောင်းကို ဂျီမင်က အတင်းခွပြီး နှိုးသည်။
ဂျင်ဟျောင်းလ်ကတော့ ထယ်ယောင်းရဲ့ တင်ပါးလုံးလုံးလေးကို တဖတ်ဖတ်ပုတ်၍ နှိုးပြန်သည်။
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook