Ep....25

36.1K 3.1K 1K
                                    

#Unicode
ချစ်ခဲ့ပြီးသည့် နောက်ပိုင်းမှာတော့ နေ့ရက်တိုင်းဟာ ပျော်စရာအတိ။
အရင်တုန်းက ဂျွန်ဂျောင်ဂုနဲ့ လားလားမျှ မဆိုင်သလို ထယ်ယောင်းအပေါ်ကို ကြင်နာနေသော ဂျောင်ဂု။

အခုလည်း ထယ်ယောင်းဂိမ်းဆော့နေတာကို ဘေးနားကနေ ထိုင်ကြည့်နေသော ဂျောင်ဂု။

ထယ်ယောင်းများ သူ့ကို အာရုံစိုက်လာလေမလားဟု ထင်ပြီး ဆံပင်လေးသွားဖွလိုက်...နားရွက်လေး ထိကြည့်လိုက် လုပ်နေပေမယ့် ထိုခလေးဆိုးလေးက ဂိမ်းကိုသာ သည်းကြီးမည်းကြိိီး ဆော့နေသည်။
ဂျောင်ဂု ကသာ တို့ထိတို့ထိ စနေပေမယ့်....ဂရုမစိုက်ပဲနေသော ထယ်ယောင်းကြောင့် အသည်းယားလာတာမို့ လည်ဂုတ်ဖွေးဖွေးလေးကို ဖိနမ်းချလိုက်တော့...သူ့ကို အော်ထုတ်သည်။

"ရားးးးဘယ်လို ဖြစ်နေတာလဲ...ရှုံးသွားပြီ...အဲ့ဒါ ခင်ဗျားကြောင့်..."

"ဘာ...ရားးးးဟုတ်လား.."

"ဟုတ်တယ်.."

"ကိုယ် မင်းထက်ကြီးတယ်နော် ဘေဘီ.."

"သိတယ်လေ...အဲ့တော့ ဘာဖြစ်လဲ.."

ဂိမ်းရှုံးသွားတာကြောင့် အကန်တွေချည်းပဲ ပြောနေသော ကျွန်တော့်ကို ဂျောင်ဂုက ပါးစောင်ကို လျှာနဲ့ထိုးရင်း စွေကြည့်သည်။

"ဘာလဲ...မကျေနပ်ဘူးလား.."

"အင်း မကျေနပ်ဘူး...အဲ့ဒါကြောင့်.!!"

အသည်းယားအောင်လာလုပ်နေသော ဘေဘီကို ကလိလိုက်ထိုးတော့...တခစ်ခစ်ရီရင်း ရုန်းသည်။

"ခစ်ခစ်..ယားတယ်...တော်တော့လို့...တောင်းပန်ပါတယ်..နောက်မခေါ်တော့ပါဘူး...ဟီး...တကယ် မခေါ်တော့ဘူးလို့.."

ကော့ထိုးနေသော ကိုယ်လုံးလေးကို တမင်မလွှတ်ပေးပဲ ကလိထိုးတော့...ဆိုဖာပေါ် လူးလိမ့်ပြီး တားတဲ့ ထယ်ယောင်း။
ပက်လက်လေးလဲကျနေသော ထယ်ယောင်းကို အပေါ်စီးကနေ ငုံ့ကြည့်မိတော့ မျက်လုံးလေးတွေ မှိတ်ကျတဲ့အထိ ရီနေသည့် မျက်နှာလေးက တုနှိုင်းမဲ့စွာ ချစ်စရာကောင်းသည်။ 

ငြိမ်သွားသော ကျွန်တော့်အမူအယာကြောင့် ဘေဘီက အရီတစ်ဝက်နဲ့သူ့ကို ကြည့်လာသည်။

BLACK & GREY [completed ]Where stories live. Discover now