Ep....28

28.7K 2.9K 806
                                    

#Unicode
ဆေးအရှိန်နဲ့အိပ်ပျော်သွားပြီဖြစ်သော ဂျောင်ဂုနံဘေး၌ ထိုင်နေဆဲဖြစ်သော ထယ်ယောင်း။
အထီးကျန်မှုတွေအားလုံးကို သူ့ထံ ရင်ဖွင့်ပြောပြပြီး ငိုကြွေးလိုက်သောကြောင့်လား မသိ။
အခုတော့ဖြင့် ခလေးငယ်တစ်ယောက်လို ငြိမ်းချမ်းစွာ အိပ်ပျော်လို့နေသည်။
စိတ်ဒဏ်ရာကြီးမားတဲ့ အလျောက်....နာကျင်မှုတွေ ထုထည်ကြီးတာလည်း သိပ်မဆန်းကြယ်။

ဒီလိုဖြစ်အောင် ဖန်တီးခဲ့တဲ့ ကံတရားကို ပဲ အပြစ်ဆိုရလေမလား..?
ဒါမှမဟုတ်.....သားသမီးပေါ်နားလည်မှုမရှိတဲ့ မိဘတွေကို အပြစ်တင်ရလေမလား...?

ဂျောင်ဂုက သိပ်ကို သနားစရာကောင်းလွန်းတယ်လို့ ကျွန်တော်ထင်တယ်။
မိဘတွေကြားထဲမှာ မြေစာပင်လေးတစ်ပင်အဖြစ်နဲ့ လောင်းရိပ်အောက်မှာ ရှင်သန်ခဲ့ရရှာတာ....
အရာရာကို အနိုင်လိုချင်တဲ့စိတ်ကြောင့် မကောင်းတဲ့လမ်းကြောင်းပေါ်ရောက်ခဲ့တဲ့ အမြင်မှား...
ပဲ့ပြင်မယ့်သူမရှိတာမို့ ဦးတည်ရာစောင်းသွားခဲ့တာ မဟုတ်ပါလား..

အများကြီး ပင်ပန်းခဲ့ရသလောက် ကျွန်တော်က ပြန်အစားထိုးပေးပါ့မယ်...။

ကတိစကားနဲ့အတူတူ ထယ်ယောင်းရဲ့ အနမ်းတစ်ပွင့်အား ဂျောင်ဂုနဖူးပေါ် သက်ရောက်စေသည်...။

စတွေ့တုန်းက တကျက်ကျက်နဲ့ရန်ဖြစ်ခဲ့ရပြီး အဆင်မပြေသလောက်...အခုချိန်မှာတော့ ဂျောင်ဂုကို ချစ်တာပဲ သိသည်။
ဘယ်အချိန်တည်းက ရင်ထဲမှာ ပေးထားမိမှန်းမသိသော နှလုံးသားထဲကနေရာလေး..။

ကြည့်ရတာ...ရန်ဖြစ်ရင်းနဲ့ပဲ အချစ်တွေဖြစ်တည်လာတယ် ထင်ပါရဲ့..။
ဒါကြောင့်မို့ ပိုထူးခြားနေခဲ့တာများလား...?

"Ring....Ring..."

ဖုန်းသံမြည်လာတာမို့ ဂျောင်ဂုနိုးမသွားစေရန် အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။
ဖုန်း screen မှာပေါ်နေသည့်  နံပါတ်က သူတစ်ခါမှလည်း မသိ။
ဂျီမင်တို့များ နံပါတ်ပြောင်းလိုက်လေသလားဟု တွေးမိပြီးဖုန်းကို ကိုင်လိုက်မိသည်။

"ဟဲလို.."

"ဟဲလို...အလှလေး.."

တစ်ဖက်က အသံက မူးနေသည့်လေသံနဲ့မို့ ကြောင်သွားရသည်....
ဘယ်သူပါလိမ့်....?

BLACK & GREY [completed ]Where stories live. Discover now