#Unicode
အော်ဟစ်ပြီး အပေါ်ထပ်သို့ တက်သွားသော ညီငယ်ကိုကြည့်ပြီး...ဆော့ဂျင်မှာ ခေါင်းတခါခါ။
ထယ်ယောင်း ရဲ့ချစ်သူဟုပြောသော သူက အခုထက်ထိထိုင်ရာမှ မထသေး။
ခြေချိတ်ပြီးထိုင်နေသည်မှာ ဟိတ်ဟန်အပြည့်နဲ့...
နည်းနည်းတော့ ဘဝင်မကျပေမယ့် သူ့ညီလေး အိမ်ထောင်ဘက်ဖြစ်လာမှာမို့ ဆော့ဂျင် သည်းခံနေလိုက်သည်။
သူ့ညီကလည်းလေ အိမ်ထောင်ဘက်ကိုတောင် သူ့လိုအကြောတင်းကို ရွေးရှာထားလေသလားပဲ။
အင်းလေ....အသွင်တူလို့လည်း အိမ်သူ အဲ....ဘယ်လိုပြောရပါ့။
အိမ်သားတွေ ဖြစ်လာတယ်ပဲ ထားပါတော့။"ဒါနဲ့ ဒီက ညီနာမည်က....."
စောနက ပြောလိုက်ပေမယ့် မမှတ်မိတာကြောင့် ဂျင်က ထပ်မေးမိသည်။
"ဂျွန်ဂျောင်ဂု.."
"အော်...အကိုက ကင်မ်ဆော့ဂျင်ပါ....ထယ်ယောင်းရဲ့ အကိုပါ...မိဘတွေက ဒယ်ဂူမှာ နေကြတယ်....လက်ရှိအကိုက ထယ်ယောင်းရဲ့ အုပ်ထိန်းသူပါ...အကို့ညီလေးက နည်းနည်းတော့ ခလေးဆန်တယ်....ရှေ့လျှောက်သည်းခံပေးဖို့ အကိုက တောင်းဆိုပါရစေ.."
"စိတ်ချပါ...သူ့ကို ဘယ်သူကမှ မထိပါးရဲအောင် ထားမှာပါ.."
အပြောကမပြေပြစ်ပေမယ့် ထယ်ယောင်းအပေါ်ထားတဲ့ စိတ်ရင်းလေးကတော့မဆိုးရှာပါဘူးဟု...ဆော့ဂျင် တွေးလိုက်မိသည်။
"ညီတို့ ကြိုက်တာ ကြာခဲ့ပြီလား...ထယ်ယောင်းက ရည်းစားရှိနေတဲ့ အရိပ်ယောင်မျိုး မပြခဲ့တာမို့လေ.."
အဲ့ဒါမှ သောက်ဂွ..ကောင်လေးကို အိမ်ပြန်ပို့ခဲ့ရင်ပြီးတာကို သူ့စိတ်ကထဖောက်ပြီး အိမ်ထဲလိုက်ခဲ့မိရာကနေ...အခုတော့ ထယ်ယောင်း အကိုက မေးခွန်းတွေမေးနေပြီ။
"အဲ့ဒါကတော့ ထယ်ယောင်းကို မေးကြည့်လိုက်ပါ...သွားခွင့်ပြုပါအုန်း...အော်...မင်္ဂလာဝတ်စုံနဲ့တခြားကုန်ကျစရိတ်တွေ အတွက်ကို ကျွန်တော် အကုန်လုပ်ပေးမှာပါ..."
အပေါ်စီးကနေ ပြောပြီး ထွက်သွားသည့် ကောင်လေး ...
ဝန်ကြီးချုပ်သားဆိုတော့လည်း မောက်မာရှာတာပေါ့လေ...
ဒါပေမယ့် သူ့ညီငယ်ပေါ်တော့ အတော်ချစ်သည့်ပုံ...
လိုအပ်တာမှန်သမျှကို အကုန်အစဆုံး လုပ်ပေးမယ်ဆိုတော့လေ....
ထယ်ယောင်းလေးတို့ လင်ရကံကောင်းတာပဲ။
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook