Ep....22

32K 3.2K 953
                                    

#Unicode
ကမ်းခြေရှိတဲ့ မြို့က ဆေးရုံတစ်ခုမှာပင် ထယ်ယောင်းကို တင်ထားရသည်။
ဆရာဝန်တွေ စမ်းသပ်နေသည့်တိုင် ဂျောင်ဂုရင်မှာ သောကများစွာ။
ဂနာမငြိမ်သော စိတ်ကြောင့် ဟိုမှသည် လမ်းလျှောက်ရင်း ယောက်ယတ်ခတ်နေမိသည်။
ကျေးဇူးပြုပြီး....အထိခိုက်နည်းပါစေ။
သူ့အမှားပါ....ဘေဘီကို မြင်းစီးဖို့ပြောခဲ့မိတဲ့ သူ့အမှား။
မဟုတ်သေးဘူး...မြင်းပေါ်ကနေ အရင်မချပေးပဲ စကားလှည့်ပြောနေမိတဲ့ သူ့အပြစ်။

သူနာပြု တစ်ယောက်က သူ့အနားရောက်လာကာ....

"လူနာရှင်လား .."

"ဟုတ်ကဲ့...ကျွန်တော်ပါပဲ..."

"လူနာက မြင်းပေါ်ကပြုတ်ကျတာဆိုပေမယ့် ပြင်ပဒဏ်ရာကြိိီးကြီးမားမားတော့မတွေ့ရဘူး...ခြေထောက်တွေလက်တွေ ထိခိုက်မိလားဆိုတာကို ဓါတ်မှန်ရိုက်စစ်ဆေးရမှာမို့ ဖောင်အရင်ဖြည့်ပေးပါ.."

သူနာပြု ခေါ်ဆောင်ရာနောက်လိုက်ပြိီး ဖောင်ဖြည့်လိုက်၏
ထို့နောက် ဂျင်ဟျောင်းလ်တို့ကို ဖုန်းဆက်၍ ခေါ်ထားလိုက်သည်။

ထယ်ယောင်းကတော့ ဆရာဝန်တွေစမ်းသပ်မည့် နေရာသို့ ပါသွားခဲ့ပြီ။
အခန်းထဲဝင်သွားသည်မှာ  မိနစ်နှစ်ဆယ် နီးပါးရှိနေသော်လည်း အထဲကနေ ဘာမှမသိရသေးတာကြောင့်သူ့မှာ အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
ထိုင်ခုံမှာလည်း မထိုင်နိုင်....အခုချိန်သူ့အတွေးထဲ စိုးမိုးနေတာက ထယ်ယောင်း အများကြီး မထိခိုက်စေဖို့ပင်။

တောင်းပန်ပါတယ် ဘေဘီရယ်။
ကိုယ် တကယ်တောင်းပန်ပါတယ်။

"အဆင်ပြေသွားမှာပါ ဘော့စ်...ခနလောက် ထိုင်စောင့်နေလိုက်ပါ..."

ဂျယ်ဆောင်းက နှစ်သိမ့်စကားနဲ့အတူတူ သူ့ကို ထိုင်ခိုင်းနေသည်။
ယူကြုံးမရခြင်းများစွာနဲ့ထိုင်ခုံမှာထိုင်မိတော့...အရင်ကသူမဟုတ်သည့်အတိုင်း လဲပြိုနေသော စိတ်တွေ။
ထယ်ယောင်းသာ တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ အတွေးက သူ့အတွက်ကြောက်စရာ အတွေးပဲ။

"ဂျောင်ဂု.....ထယ်လေးရော...ထယ်လေးရောဟင်..!"

အနားသို့ အပြေးတပိုင်းနဲ့ရောက်ချလာသော ထယ်ယောင်းရဲ့အကို။

BLACK & GREY [completed ]Where stories live. Discover now