Ep....15

31.5K 3.3K 1.3K
                                    

#Unicode
ကားထဲရောက်နှင့်နေပြီ ဖြစ်သော ထယ်ယောင်းမှာ အပြင်ကိုကြည့်မိတော့.....ဂျောင်ဂုက ဂျင်ဝူးကို ထိုးလိုက်တာ တွေ့သည်။
ထိုသို့အပြုအမူပေါ် ဂျောင်ဂု လွန်တယ်လို့ မထင်မိ။
ဂျင်ဝူးဆိုတဲ့ သူ့ညီက တကယ်တမ်း ထယ်ယောင်းနဲ့လည်း မရင်းနှီးပါပဲ ဆွဲလာရမ်းလား လုပ်နေတာလေ...
ပြီးတော့ ဂျင်ဝူးမျက်နှာက ပြုံးနေပေမယ့် ထယ်ယောင်းမနှစ်မျို့ပါ။
တော်ရုံကြောက်တက်တဲ့သူမဟုတ်သော်လည်း ဂျင်ဝူးအကြည့်ကြောင့် စိတ်ထဲမှာ ကြောက်စိတ်တွေ ဖြစ်လာရသည်။

"ဂျယ်ဆောင်း မောင်းတော့.."

သူ့နံဘေးနားကို ရောက်လာသည့် ဂျောင်ဂုဟာ ဒေါသပြေသေးပုံမပေါ်။
လက်သီးကို ကျစ်ကျစ်ဆုပ်လျက် အသက်ကို ခပ်ပြင်းပြင်းရှုနေသည်။

"စောနက အတွက်ကျေးဇူးပဲ.."

ဆတ်ခနဲ လှည့်ကြည့်လာသည့် ဂျောင်ဂု မျက်ဝန်းတွေမှာ ဒေါသရိပ်တွေကပ်ငြိနေသေး။

"မလိုဘူး....နောက်တစ်ခါ အဲ့အကောင်နဲ့ မတွေ့အောင်သာ ရှောင်..."

ခပ်ပြတ်ပြတ်ပြောပြီးတာနဲ့ တစ်ဖက်သို့ လှည့်သွားလေသည်။

ထယ်ယောင်းကျောင်းဆင်းချိန်ထက် နာရီဝက်ခန့်ကြိုပြိီး... ဂျယ်ဆောင်းကို လွှတ်လိုက်တာ မှန်သွားတယ် ဆိုရမယ်။
ဂျယ်ဆောင်းဆီက သတင်းပို့လာတာက ကျောင်းနားမှာ ဂျင်ဝူးကားကို တွေ့တယ်တဲ့....
ဟိုနေ့တည်းက သတင်းထောက်တွေ လွှတ်လိုက်တာ ဂျင်ဝူးဆိုတာကို သူအကုန်သိပြီးသား...
ထယ်ယောင်းကို စကားထဲထည့်ထည့်ပြောနေတာကို မသင်္ကာ၍ ဂျယ်ဆောင်း ဖုန်းဆက်ဆက်ချင်း သူကိုယ်တိုင် လိုက်လာခဲ့တာ....
ထင်သည့်အတိုင်း ဆွဲလားရမ်းလား လုပ်နေတာမို့  ဒေါသထွက်ရပြန်သည်။

ဂျွန်ဂျင်ဝူးမှာ မကောင်းတဲ့အကျင့်တစ်ခုရှိသည်။
ငယ်ငယ်တည်းက သူ့ကို ဂျောင်ဂုအရောမဝင်ပေမယ့်...ဂျင်ဝူးကတော့ လိမ်မာတဲ့ ညီငယ်ပုံစံဖမ်းပြီး နောက်ကွယ်ကျ ယုတ်မာတက်သည်။
ဂျောင်ဂုက သူ့အရုပ်တွေကို ပေးမကိုင်တဲ့အခါ....သူမသိတဲ့အချိန်ယူပြီး ဖျက်ဆီးပစ်တာမျိုး...
သူလိုချင်တာရှိရင် ခေါင်းကြောမာမာနဲ့ တစ်ဇွတ်ထိုးလုပ်တက်တဲ့ အကျင့်။
အခုလည်း ထယ်ယောင်းအပေါ် စိတ်ဝင်စားတဲ့ အရိပ်ယောင်တွေနဲ့...တဇွတ်ထိုးလုပ်ရပ်တွေ လုပ်လာပြန်သည်။
ငယ်ငယ်က ပိုင်ဆိုင်သမျှ အရုပ်တွေ ခိုးယူခံခဲ့ရပေမယ့်...ထယ်ယောင်းဆိုတဲ့ သက်ရှိအရုပ်လေးကိုတော့ ဂျောင်ဂု တွန့်တိုပါသည်။
ဒါကြောင့် သေချာကာကွယ်စောင့်ရှောက်ရမည်။
.
.
.
.
.
.
.
"မနက်ဖြန်  ကျွန်တော့်မွေးနေ့....ကျောင်းပိတ်ရက်နဲ့ကျတာမို့ ဟျောင်းလ်က အိမ်ကိုလာခိုင်းတယ်..."

BLACK & GREY [completed ]Where stories live. Discover now