#Unicode
နှစ်ဟောင်းတို့ကုန်ဆုံးပြီး နှစ်သစ်ကို ကူးပြောင်းမည့် အချိန်အခါဒီနေ့ရက်....။ဒီဇင်ဘာလရဲ့ နောက်ဆုံးနေ့ရက်လေးဖြစ်ပြီး နှစ်ဟောင်းကို နှုတ်ဆက်ရမည့်နေ့...။
ဒီနေ့မှာ လူတော်တော်များများရဲ့ အားလပ်ရက်ဖြစ်တာနဲ့အညီ...ဘယ်နေရာကြည့်ကြည့် လူစည်ကားလျက်ရှိသည်။
နှင်းဖွေးဖွေးကြား မီးရောင်စုံများနဲ့ စည်ကားလျက်ရှိသော ဆိုးလ်မြို့လေး...။
တစ်နှစ်ပတ်လုံးပင်ပန်းခဲ့သမျှကို ဒီနှစ်ကူးမှာ အပန်းဖြေဖျောက်ရန်အတွက်....လူတိုင်းလူတိုင်းက အပြင်သို့ ထွက်လည်နေကြသော ဤအချိန်အခါ...။
ထယ်ယောင်းနဲ့ ဂျောင်ဂုသည်လည်း အပြင်ထွက်လည်ရန် ပြင်ဆင်လို့နေကြသည်...။
"ဂျွန်.."
"ဘာလဲ...ဘေဘီ."
"ကျွန်တော်တို့ ဘယ်သွားမှာလဲ....ရုပ်ရှင်ကြည့်တာ တစ်ခုပဲလား...ကျန်တဲ့နေရာရော လျှောက်မလည်ဘူးလား.."
ဂျွန်ထယ်ယောင်း ရစ်ထုပ်လေးတို့က စပါပြီ။
မနေ့က သူ့မွေးနေ့မှာလည်း နေရာအစုံ လိုက်ပို့ပေးထားတာတောင် ရစ်စရာမရှိ ရှာကြံရစ်နေသော ခလေးလေး...။"ပြောပါအုန်း...ဒါဆို ကိုယ့်ခလေးက ဘယ်သွားချင်လို့လဲ?...."
အနားသို့မူလီ လာရစ်သော ဘေဘီကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး သူမေးတော့.....ရင်ခွင်ထဲကနေ မျက်လုံးလေးထောင့်ကပ်လျက် စဥ်းစားခန်း ဖွင့်နေပြန်သည်။
"အွန်းးးဘယ်ပဲဖြစ်ဖြစ်ပါ....ဂျွန်နဲ့ဆို ကမ္ဘာအဆုံးထိလည်း လိုက်ရဲတယ်.."
ဒီလိုခြွေတော့လည်း သူ့ အသည်းတွေ ကြွေရပြန်တာပေါ့...။
စကားတက်လွန်းတဲ့ ကိုယ့်ခလေး...။"ဒါဆိုအခု သွားကြတော့မလား..."
"ဟုတ်ကဲ့ ဂျွန်.."
မျက်လုံးလေးတွေ မှိတ်တဲ့ထိ ပြုံးရီပြရင်း ဆိုသော ဘေဘီပါးပြင်လေးကို တစ်ချက်ငုံ့နမ်းပြီးနောက်....အပြင်ထွက်ရန် ပြင်ဆင်ရလေပြီ။
.
.
.
.
.
.
"ဂျွန် ကျွန်တော် ရေခဲမုန့် စားချင်တယ်..."ဒီခလေးဟာလေ သူ့ကို ပူဆာဖို့ကို ကြိုတင်အစီစဥ်ချထားသလား မှတ်ရတယ်။
ESTÁS LEYENDO
BLACK & GREY [completed ]
Fanficငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook