FINAL

43.9K 3.5K 2.3K
                                    

#Unicode
အရေးပေါ်ခန်းအရှေ့၌ ရှိသော ထိုင်ခုံပေါ်မှာ ခေါင်းငိုက်စိုက်နဲ့ ထိုင်လျက်ရှိနေသော ဂျောင်ဂု...။
စောနက ထယ်ယောင်းရဲ့နှလုံးကို ရှော့ခ်ရိုက်နေကြတာ သူတွေ့သည်..။

ဆရာဝန်တွေရှုပ်ယှက်ခတ်နေတဲ့ကြားထဲကနေ တစ်ချက်တစ်ချက်မြင်နေရတဲ့ ထယ့်မျက်နှာလေးကြောင့် သူ့ရင်မှာ ဆုတ်ဖြဲပစ်သလို...

ဆက်မကြည့်ရဲတော့တာကြောင့် ထိုင်ခုံမှာထိုင်ရင်း မျက်ရည်တွေသာ စီးကျနေမိတော့သည်...။

စိတ်လှုပ်ရှားလွန်းတာကြောင့်လည်း အချင်းချင်း ဆုပ်ကိုင်ထားမိတဲ့ လက်တွေမှာ ထယ်ယောင်းရဲ့ သွေးတွေက စွန်းထင်လျက် ရှိနေတုန်းပဲ...။

အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းရုံကလွဲပြီး တခြားအရာတွေကိုလည်း သူမတက်နိုင်ပြန်...။

ကျေးဇူးပြုပြီး...ဘုရားသခင်ရယ်..။
ကျွန်တော့်ရဲ့ ထယ်ကို ပြန်ပေးပါ...။

ကျွန်တော့်အသက်နဲ့လဲပေးရမယ် ဆ်ိုရင်လည်း ရပါတယ်...။
ထယ့်ကိုတော့ ရှင်သန်ခွင့်ပေးပါ...။

"သား...~ ~"

နံဘေးနားလာထိုင်သော အမေ့ခေါ်သံကြောင့် ဂျောင်ဂု မော့ကြည့်မိလိုက်၏။

"အမေ...ထယ် အဆင်ပြေမှာပါနော်.."

"အဆင်ပြေသွားမှာပါ သားရယ်...ထယ်လေးက စိတ်ကောင်းရှိသူမို့ အဆင်ပြေသွားမှာပါ...အမေတို့လည်း ဆုတောင်းပေးကြတာပေါ့..."

အမေက ကျွန်တော့်ကို ဖက်ထားရင်း မျက်ရည်ကျသည်။
အမေ့ရင်ခွင်ထဲ သူငိုကြွေးရင်း....စကားတွေ မနားတမ်းပြောမိပြန်သည်။

"ထယ်...ကျွန်တော့် ဘဝမှာ သူမရှိလို့ မဖြစ်ဘူး...ထယ်က ကျွန်တော့်အတွက် နှစ်ယောက်မရှိနိုင်တဲ့ သူမျိုးပါ...ဘာကြောင့်ပဲ ဖြစ်ဖြစ်...ထယ့် ကို ကျွန်တော် အဆုံးရှုံးမခံနိုင်ဘူး..."

မလှမ်းမကမ်းကရပ်နေသော ဂျယ်ဆောင်းမှာ ဘော့စ်တို့သားအမိကို ကြည့်ပြီး ကြည်နူးမျက်ရည်ဝဲမိသည်။
နောက်ဆုံးတော့ ဘော့စ်ဟာ သူလိုချင်တဲ့ မိဘမေတ္တာကို ရခဲ့ပြီပဲ...။

ဒါပေမယ့် ဒီလိုပြည့်စုံအောင် လုပ်ပေးခဲ့တဲ့ နတ်သားလေးက ဆရာဝန်တွေလက်ထဲမှာ အသက်လုနေရတာ ဖြစ်သင့်သလား...?
အဲ့ဒီအစား ကျွန်တော့်ကိုပဲ ခေါ်ဆောင်သွားပါ...။

BLACK & GREY [completed ]Where stories live. Discover now