Ep....17

30.4K 3.2K 656
                                    

#Unicode
မနက်မိုးလင်းတော့ ဂျောင်ဂုနိုးလာသည့်တိုင် ထယ်ယောင်းမနိုးသေး။
ညတုန်းက ဖြစ်ပျက်သမျှခေါင်းထဲအစီရီပြန်ပေါ်လာတော့....
သူ့လက်မောင်းကို ခေါင်းအုံးလျက် အိပ်ပျော်နေသည့် ကောင်လေးထံ အကြည့်တို့ ရောက်မိပြန်သည်။

ညက ငိုရှိုက်ရင်း အိပ်ပျော်သွားသော ကောင်လေးကို သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးပြီး.....နွေးနွေးထွေးထွေးဖြစ်စေခဲ့သည်။
ပင်ပန်း၍ အိပ်ပျော်နေသော ကောင်လေးကို ရင်ခွင်ထဲထွေးပွေ့ရင်း ဂျောင်ဂုမှာ မိုးလင်းခါနီးမှ အိပ်ပျော်ရသည်။

ကိုယ် တောင်းပန်ပါတယ်။
စေတနာတွေကို စော်ကားခံလိုက်ရတာရယ်....သူစိမ်းရှေ့မှာ ရိုက်ခံရတာကြောင့် ရှက်စိတ်တွေပါရောပြီး...ကောင်လေးကို ကြမ်းတမ်းစွာဆက်ဆံခဲ့မိသည်။

သူကိုယ်တိုင်တောင် မသိလိုက်သော အချိန်ခနမှာ ကောင်လေးကို ငြိတွယ်ခဲ့ပြီ ထင်ပါရဲ့။
အခုတော့ ဒီမျက်နှာလှလှလေးက နိုးထလာတဲ့အခါ သူမကြားချင်တဲ့ အမုန်းစကားကို ပြောအုန်းမည်။

ထယ်ယောင်းခေါင်းကို အသာဘေးသို့ချပေးလိုက်တော့...ကောင်လေးနှုတ်ဖျားဆီက ရေရွတ်သံတိုးတိုးလေး "ခင်ဗျားကို မုန်းတယ် " တဲ့...
အိပ်မက်ထဲထိ သူ့ကို အခဲမကြေပုံပဲ။ ကောင်လေးပေါ်စောင်ခြုံပေးပြီး...သူအိပ်ယာပေါ်မှ ထခဲ့လိုက်သည်။

ဧည့်ခန်းထဲရောက်တော့ နေရောင်ခြည်ဖြာကျနေသော ပြတင်းပေါက်မှန်နား ရပ်ရင်း အပြင်ကို ငေးကြည့်နေမိသည်။

အစတုန်းကတော့ အသုံးချရုံသပ်သပ်နဲ့ သူ့အကြောင်းတွေကို သိနေတာရယ်ကြောင့် နံဘေးနား ခေါ်ထားတယ်ဆိုပေမယ့်....
လေးထောင့်အပြုံးနုနုလေးကို စတင်တွေ့လိုက်ရသည့် ညကသူတော်တော်နဲ့ အိပ်မပျော်ခဲ့။
ကောင်လေးကို ချီပိုးရင်း တဒိတ်ဒိတ်ခုန်နေခဲ့သော ရင်ကို သူကိုယ်တိုင်ကလွဲ အခြားသူ သိမယ်မထင်။
တိတ်တခိုးပေးထားမိသော နာမ်စားလေးက ဘေဘီ....
စတွေ့တုန်းက မျက်နှာကြောမတည့်ပေမယ့်....နောက်ပိုင်းမှာ ကောင်လေးကို မြင်လိုက်တိုင်း လှုတ်ခတ်နေသော ရင်ကြောင့် ထူးဆန်းသလို...
ဒါက တခြားလူတွေပြောပြောနေတဲ့ အချစ်များလား?

BLACK & GREY [completed ]Where stories live. Discover now