#Unicode
ဂန်းနမ်မှာ 5.1 billion နီးပါးရှိသော ကွန်ဒို ကို ဝယ်ယူထားသော ဂျောင်ဂု။
တခြားအလွှာတွေ ဝယ်လို့ရပါလျက်နဲ့ အမြင့်ဆုံးအထပ်မှာသာ သူနေသည်။
ရိုးရိုးရှင်းရှင်း အခန်းဒီဇိုင်းပေမယ့် Luxury ပရိဘောဂ ပစ္စည်းတွေက အထက်တန်းကျမှုကို ဖော်ပြလို့နေသည်။
မှန်တွေသာကာထားသော ဒီအခန်းထဲ...ညဘက်တွေမှာ ဝိုင်သောက်ရင်း အပေါ်စီးကနေ မြို့တစ်ခုလုံးကို ခြုံကြည့်ရသော အရသာကို သူနှစ်သက်သည်လေ။"တခြားဘာများခိုင်းစရာရှိသေးလဲ ဘော့စ်..."
"မရှိတော့ဘူး ဂျယ်ဆောင်း..မင်းလည်း ပြန်နားတော့..."
အလိုက်သိသော ဂျယ်ဆောင်းက သူ့က်ို အလေးပြုရင်း ပြန်လည်ထွက်သွားသည်။
ဂျယ်ဆောင်းအတွက်လည်း သူ့နေထိုင်ရာ ကွန်ဒိုနဲ့ မနီးမဝေးမှာတိုက်ခန်းတစ်ခန်းကို ဝယ်ပေးထားသည်။
ဂျယ်ဆောင်းက သူ့လူယုံ...
သူ့ ကိုယ်ရံတော်ဆိုလည်း ဟုတ်တာမို့ အနားမှာသာ ထားရှိစေခြင်း။
အရေးကြောင်း တစ်ခုခုဆို ဂျယ်ဆောင်းကိုပဲ အားကိုးရတာလေ...
ဂျယ်ဆောင်းကို သဘောကျတဲ့ အချက်က သူ့လိုမျိုး အေးစက်စက်မျက်နှာသေနဲ့ပဲမို့....
ဂျယ်ဆောင်းထံမှာ အရီအပြုံးဆိုတာ မရှိ။
ဂျောင်ဂု ဆယ်နှစ်သားလောက်တည်းက တူတူရှိနေခဲ့တာဆ်ိုတော့ သံယောဇဥ်လည်း ဖြစ်မိသည်။
ဂျောင်ဂုမှာ တွယ်တာစရာ သူစိမ်းဆိုလို့ ထိုဂျယ်ဆောင်း တစ်ယောက်တည်းသာ။အဖေက ဂျောင်ဂုကို အိမ်ထောင်ပြုဖို့ခနခန တိုက်တွန်းတက်သော်လည်း သူလက်မခံ။
အချစ်ဆိုတာကြီးကို သူစိတ်ပျက်သည်။
စိတ်လည်းမဝင်စားတာမို့ ယနေ့ထက်ထိ သူ့မှာအချစ်ဆ်ိုတာ ဘာမှန်းမသိ။
အဖေ လည်း အမေ့ကို ချစ်တယ်ပြောပြီး သစ္စာဖောက်ခဲ့တာပဲလေ။မမှတ်မိချင်တော့သည့် အတိတ်ကနာကျင်စရာတွေကို မတွေးချင်တော့တာကြောင့် ရေချိုးရန်သာ ပြင်လိုက်မိသည်။
ရေအပြည့်ဖြည့်ထားသော ရေချိုးကန်ထဲသို့ သူဝင်ထိုင်ရင်း....ဝိုင်တစ်ခွက်ကို အရသာခံလျက်သောက်နေမိသည်။
ဝိုင်ခွက်ကိုင်ထားသော လက်၏ လက်ချောင်းပေါ်တွင် ထိုးထားသော တက်တူးတွေက လက်ဖျံအထိတောက်လျှောက်...ထိုတက်တူးတွေကပဲ ဂျောင်ဂုရဲ့ ယောင်္ကျားပီသမှုကိုပိုပေါ်လွင်စေသည်။
ဂုတ်ထောက်လုနီးပါး ဆံပင်ရှည်ကို နဖူးအပြောင်သိမ်း၍ တစ်ဝက်စည်းထားသော ဂျောင်ဂုပုံစံက...ဖီးနစ်ငှက်တွေလို ရဲရဲရင့်ရင့်....။
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook