Ep.....6

31.5K 3.4K 1.2K
                                    

#Unicode
မနက်မိုးလင်းပြီမို့ အပြင်ကနေရောင်ခြည်က မှန်ပြတင်းပေါက်တွေကနေဖြတ်ကာ ထယ်ယောင်းပေါ်သို့ ထိုးနေသည်။
အမွှေးပွစောင်အောက်မှာ အိပ်နေရင်း နိုးလာတော့ ကိုယ့်အိမ်မဟုတ်ဘူးဆိုသည့် အသိကြောင့်....လူက ဆတ်ခနဲ ထထိုင်မိသွား၏။
ဒါနဲ့ ဒီစောင်က ဘယ်ကနေဘယ်လို....

မျက်လုံးတို့ ကစားမိတော့ ဧည့်ခန်းက ဆိုဖာထက်ဝယ် မိန့်မိန့်ကြီး ထိုင်နေသော ဟိုလူဆ်ိုး။
ခြေချိတ်ထိုင်လျက် ကော်ဖီ သောက်နေသည်ကို မြင်ရတာ အမြင်ကတ်စရာ။

"မင်းက ကြုံရာကျပန်းလည်း အိပ်တက်တယ်နော်..."

မိမိကိုလည်း မကြည့်ပဲ ပြောသော ထိုလူ​...
စောစောစိိီးစီးကို ကျက်သရေလာတုံးနေတယ်။

"ကျွန်တော် အိမ်ပြန်ချင်တယ်..."

မနေ့ညက အပြုမူကြောင့် သူ့ကိုကြောက်နေမိတာမို့ ကောင်းကောင်းမွန်မွန်သာ တောင်းဆိုမိသည်။

"ငါ စကားကို နှစ်ခါပြန်မပြောတက်ဘူး...ငါပြောပြီးပြီပဲ...ငါ့အကြောင်း သိသွားတဲ့သူတိုင်းက သေရမယ်လို့..."

ဒီလူက တကယ်ပဲသူ့ကို သတ်ဖို့ထိရည်ရွယ်ထားတာလား။

"တစ်ခုတော့ရှိတယ်.."

ထယ်ယောင်း ကြံရာမရတာမို့ ငြိမ်သက်စွာတွေးနေတုန်း....
တစ်ခုတော့ရှိတယ် ဆိုတဲ့ အပြောကြောင့် နည်းနည်းအားတက်သွားပေမယ့်လည်း မျက်နှာအမူယာကို ထိန်းပြီး....

"​ပြောကြည့်လိုက်.."

ဂျောင်ဂု မျက်ခုံးတွေက အလိုလို​မြင့်တက်သွားရသည်။
ဒီကောင်လေး ဇ ကတော့ မသေး။
အခုပဲကြည့် လေသံကလည်း မာလိုက်တာ...
ကိုယ့်ကို သူကမကြောက်ပဲ....ကိုယ်ကပဲ သူ့ကို ပြန်ကြောက်ရမလိုလို....

"နည်းလမ်းနှစ်ခုရှိတယ်...တစ်နည်းက မင်းသေလိုက်....ဒါမှမဟုတ်..."

စကားကို တမင်ရပ်ပြီး ကောင်လေးကို ကြည့်လိုက်တော့...
သိချင်စိတ်ကြောင့် အရောင်တောက်နေတဲ့ မျက်လုံးတွေ...

"ငါ့ကို လက်ထပ်.."

"ဘာ!!!!!!!"

ဂျောင်ဂု စကားအဆုံး ထိုကောင်လေးကမတ်တပ်ထရပ်ရင်း.... ဘာ ခနဲအော်လိုက်သံသည် ဟိန်းခနဲ။
ပြဲလိုက်တဲ့ အသံ.....နားတောင် ကန်းတော့မလိုပဲ။

BLACK & GREY [completed ]Where stories live. Discover now