Ep....32

27.7K 2.8K 1K
                                    

#Unicode
အခန်းထဲကရှိသမျှ ပစ္စည်းတွေကို အကုန်ရိုက်ခွဲထားသော ဂျင်ဝူး...
ကျိုးပဲ့နေသော ပစ္စည်းတွေအလယ်မှာ ထိုင်ပြီး လက်သီးဆုပ်လျက် အံကြိတ်ပြီး ငိုကြွေးနေသည်။

စောနက အဖေနဲ့အမေ ပြောနေတာတွေကို သူအကုန်ကြားပြီးပြီ..။
ထိုစကားကိုကြားပြီးပြီးချင်း
အရာရာကိုဆုံးရှုံးလိုက်ရသလို ခံစားချက်ကြီးက ရင်ထဲမှာ အလုံးရင်းအလိုက်...။

သူက မိဘမဲ့တဲ့လား...?
တစ်သက်လုံး အမေနဲ့အဖေလို့ သတ်မှတ်ထားတဲ့သူတွေက မိဘမဟုတ်ဘူးတဲ့လား...?
သူ့အမေက ဂျောင်ဂုရဲ့ အမေရင်းတဲ့လား...?

နားမလည်နိုင်သော မေးခွန်းတွေ...
အဲ့ဒီမေးခွန်းတွေရဲ့ အဆုံးသတ်မှာတော့ သူဟာ အရှုံးသမားသာ...။

ဂျင်ဝူးငယ်ငယ်ကဆင်းရဲခဲ့သော်လည်း...တနေ့မှာ အမေ့ကို ဦးလေးကြီး တစ်ယောက်ကလာခေါ်တာမို့...အိမ်ကြီးအိမ်ကောင်းကို ရောက်ခဲ့ရသည်။
အမေကပြောတယ်...အဲ့ဒီဦးလေးကြီးကို အဖေလို့ခေါ်ရမယ်တဲ့။
ပါးချိုင့်တွေပေါ်အောင်ပြုံးပြပြီး သူ့က်ိုနွေးထွေးစွာ ဖက်ပေးသော ထိုဦးလေးကြီးကို သဘောကျတာမို့ အဖေလို့ချက်ချင်းခေါ်ခဲ့သည်။
ဒီအိမ်ကြီးပေါ်စရောက်တည်းက ဂျင်ဝူးဘဝက မင်းသားလေးတစ်ယောက်လို။

ဦးလေးကြီးဆီမှာ ဂျင်ဝူးထက်ကြိိီးတဲ့ သားတစ်ယောက်လည်းရှိသည်။
သူ့ရဲ့ ဟျောင်းလ်ဆိုပြီး မိတ်ဆက်ပေးတဲ့ဦးလေးကြီးစကားကြောင့် ဂျင်ဝူးပျော်သွားရသည်။
ဂျင်ဝူးမှာ ဟျောင်းလ်ကိုခင်ချင်ပြီး စကားပြောချင်လွန်း၍....လိုက်တွယ်ကပ်သော်လည်း....မာနကြီးသော ဟျောင်းလ်ကသူ့ကို နည်းနည်းလေးတောင် ငဲ့မကြည့်..။

အမြဲတမ်း မတူမတန်သလို ဆက်ဆံပြီး စကားတောင် သေချာမပြောပါ။
အမေက ဟျောင်းလ်ကိုကြင်နာစွာပြောသော်လည်း မချေမငံသာ ဆက်ဆံတက်သော ဟျောင်းလ်...။

အရွယ်ရောက်လို့ သိတက်နားလည်ခဲ့ချိန်မှာတော့....အမေ့ကို စော်ကားနေတာတွေ သူသည်းမခံနိုင်ခဲ့...။
ဒါကြောင့် ဟျောင်းလ်ထက် အရာရာပိုတော်အောင် ကြိုးစားသော်ငြား သူ့ထက်အမြဲခြေတစ်လှမ်းသာသော ဟျောင်းလ်ကသာ နိုင်စမြဲ...။

BLACK & GREY [completed ]Where stories live. Discover now