#Unicode
ကားရဲ့ နောက်ကြည့်မှန်ထဲကနေ လှမ်းမြင်နေရသော စောနက ကောင်လေး။
မိမိတို့ကားကို ခြေထောက်နဲ့မှန်းဆကန်နေတာကို သူ့သူငယ်ချင်းက ဆွဲနေသည်။
အခုခေတ်ကျောင်းသားတွေက အကြောက်လန့်မရှိတော့သည့်ပုံ။
ဂျောင်ဂုက ကော်ဖီကြိုက်သူမို့ သူဌေးသားဖြစ်ပေမယ့်လည်း ဒီလ်ိုဆိုင်လေးတွေက တခါတလေဝယ်သောက်ရတာကို နှစ်ခြိုက်သည်။အခုလည်း ကော်ဖီသောက်ချင်လာလို့ ခနဝင်ဝယ်မိတာ....ထိုအရှုပ်ထုပ်နဲ့ လာတွေ့နေရသည်။
ပိုက်ဆံမပြည့်၍ ခေါင်းကုတ်ဖင်ကုတ်လုပ်နေသော ထိုငတိကို မျက်စိနောက်မိတာကြောင့်...သူ ရှင်းပေးလိုက်တာကို...
ထိုဟာလေးက ပြန်ဆပ်မယ် တကဲကဲ...
ဝမ်တစ်သောင်းခွဲက ဂျောင်ဂုအတွက် လမ်းဘေးက သူတောင်းစားကို စွန့်ကြဲသလောက်ပဲရှိသည်။"ဘော့စ်....ဒီနေ့ ညမှာ ညစာစားပွဲတစ်ခုကို မိသားစုတွေနဲ့အတူတူ တက်ရောက်ရပါမယ်လို့ ဝန်ကြီးက မှာထားပါတယ်ခင်ဗျ..."
"အဲ့ဒီကို ငါက ဘာလိုက်လုပ်ရမှာလဲ....ဂျင်ဝူးကို မိတ်ဆက်ပေးမယ့်ပွဲမလား.."
ဂျွန်ဂျင်ဝူးဆိုတာ...သူ့ရဲ့ အဖေတူ အမေကွဲညိီငယ်။
"အဲ့ဒါတော့ ကျွန်တော်မသိဘူးဘော့စ်....ဝန်ကြီး မှာထားတဲ့အတိုင်း ပြန်ပြောပြတာ..."
"ဖျက်လိုက်.."
"ဗျာ..."
"ကျစ်!!!ငါက နှစ်ခွန်းထပ်မပြောတက်ဘူးဆိုတာ မင်းသိပြီးသားမလား ဂျယ်ဆောင်း..."
"ဟုတ်ကဲ့ ဘော့စ်...ကျွန်တော်မှားသွားပါတယ်..."
ဂျယ်ဆောင်းဆီမှ သက်ပြင်းချသံ ဖခပ်တိုးတိုးကို ဂျောင်ဂုကြားပေမယ့်...မသိချင်ယောင်သာဆောင်နေမိသည်။
ဒီလိုအပေါ်ယံပကာသနပွဲတွေနဲ့အပျော်ပါးဆိုတာက သူနဲ့ကီးမကိုက်။
ဂျင်ဝူးက နောက်အိမ်ထောင်နဲ့ရတဲ့သားမို့ အဖေက လျှ်ို့ဝှက်ထားခဲ့တာ ကြာပြိီ။
အားလုံးက ဝန်ကြီးမှာ ဂျွန်ဂျောင်ဂုဆ်ိုတဲ့ သားတစ်ယောက်ရှိတယ်လို့ပဲ သိတာလေ။
ဝန်ကြီးဖြစ်တည်းက ဒယ်ဒီဘေးနားမှာရှိသူက သူ့မိထွေး။
ဒါကြောင့် မိထွေးကို ဂျောင်ဂုရဲ့ အမေရင်းလို့ပဲ အားလုံးကသိထားကြသည်။
အဖေကအာဏာတွေ မြင့်လာပြိီး ဂျင်ဝူးကလည်း အရွယ်ရောက်လာပြီမို့ လူလုံးထုတ်ပြဖို့ ပြင်နေတာ....
အဖိုးတန်မျိုးမှန် အလိမ္မာလေးမို့ သူ့အဖေက သူမပါလည်း အဆင်ပြေမှာပါ။
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook