Ep....24

35.2K 3.3K 1.6K
                                    

#Unicode
"ထယ်ရေ....ထတော့လေ...အပြင်မှာ နေမြင့်နေပြီ...."

ဂျောင်ဂုရဲ့ ချိုသာစွာ  နှိုးနေတဲ့ အသံကို ထယ်ယောင်းကြားသော်လည်း မထမိ။
ညတုန်းက ချစ်ကြောင်းဝန်ခံထားပြီးနောက် သူ့ကိုအော်ဆဲကာ ရင်ခွင်ထဲ ဝင်ပြီး ငိုနေခဲ့မိတာလေ။
အခုပြန်တွေးကြည့်တော့ ရှက်မိသား။

"ဟော...အိပ်ပုတ်လေးက မနိုးသေးပါလား...အင်းးးးဘယ်လိုနှိုးရင်ကောင်းမလဲ?ဟောဒီက ပါးဖောင်းလေးကို နမ်းပြီး နှိုးရမလား..."

ထယ်ယောင်း အိပ်ချင်ယောင်ဆောင်နေတာကို ဂျောင်ဂုသိသည်။
မျက်လုံးတို့ မှိတ်ထားသော်လည်း လှုပ်နေသော မျက်ခွံမို့မို့ လေးတွေကို သူတွေ့နေရတယ်လေ။
ဒါကြောင့် ထယ်ယောင်းကြားအောင် ပါးလေးကို လက်ညိုးနဲ့ထိပြီး တမင်ကျိီစယ်လိုက်တော့...

"ထ..ထပြီ..."

စူပုတ်ပုတ်ရုပ်လေးနဲ့ ချက်ချင်းကို ငေါက်ခနဲ ထထိုင်သည်။
ဆံပင်စုတ်ဖွားလေးနဲ့ အိပ်ယာနိုးခါစ မျက်နှာအစ်အစ်လေးက ဘယ်လိုတောင် ချစ်ဖို့ကောင်းတာလား?

"အစတည်းက လိမ်မာမှပေါ့...မျက်နှာ သစ်ရအောင်.."

ထယ်ယောင်းကို စွေ့ခနဲချီမလိုက်သော ဂျောင်ဂုကြောင့် ထယ်ယောင်းမှာ အလိုက်သင့်လေး ပါသွားသည်။
ရေချိုးခန်းထဲရှိ ဘေစင်ပေါ် တင်ပေးရင်း ရေနွေးနွေးကို ခံယူလျက် မျက်နှာသစ်တာကအစ.....သွားတိုက်တာ အဆုံးအထိ စိတ်ရှည်လက်ရှည်လုပ်ပေးနေသော ဂျောင်ဂုအား ထယ်ယောင်း လိုက်ကြည့်နေမိသည်။

ကြမ်းတမ်းတဲ့ စကားတွေကို ဘုနဲ့ဘောက်ပြောတက်တဲ့သူဟာ...အခုတော့ သူ့ကိုချိုသာစွာ ပြောနေသည်။
အမြဲတင်းမာနေတက်သောမျက်နှာထားဟာ အခုတော့ဖြင့် ပကတိကြည်လင်နေသည်။

မေးရိုးသွယ်လျလျတွေက အပိုလိုမရှိ...
နှာခေါင်းလုံးလုံးလေးက ပွသလိုထင်ရပေမယ့်လည်း ပြီးပြည့်စုံသည်။
စကားအကောင်းမပြောတက်ပေမယ့် ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ ဂျောင်ဂု နှုတ်ခမ်းလေးက သေသပ်ပါးလျပ်စွာ...
အခုလို အနီးကပ်ကြည့်တော့မှ ဂျွန်ဂျောင်ဂုရဲ့ အောက်နှုတ်ခမ်းနားက မှဲ့လေးရယ်။
ကျွန်တော် သဘောကျမိပြန်ရော.....။

BLACK & GREY [completed ]Where stories live. Discover now