Ep....4

31.2K 3.6K 922
                                    

#Unicode

ထယ်ယောင်းနဲ့ဂျီမင်က ကျောင်းထဲက လမ်းပေါ်မှာ...
တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးစနောက်ရင်း  တစ်လမ်းလုံးက သူတို့အသံတွေနဲ့ ဆူညံလို့နေသည်။

"မင်းက ငါ့ကို ရိုက်ချင်သေးတယ်ပေါ့....အပုလေးရာ...မှီလည်းမမှီပဲ...."

"ဟေ့ကောင် ငါက ယွန်းဂီဟျောင်းလ်ထက် တစ်စင်တီမီတာရှည်တယ်ကွ...အပုလို့ ခေါ်ချင်ရင် သူ့သွားခေါ်.."

အရပ်နဲ့ပက်သက်လျှင် အပြောမခံသော မောင်ပုလုံး...
ထယ်ယောင်းကလည်း မကြိုက်မှန်းသိတာကိုမှ တမင်စချင်နေတာရယ်...

"ဘလာ ဘလာ..ပုလုံးလေး..."

ထယ်ယောင်း ကမထိတထိစပြီး ထွက်ပြေးတော့ မတော်တဆဝင်တိုက်မိသည်က သူနဲ့အကြောမတည့်သည့် အတန်းထဲက ကမ္ဘာ့ရန်တွေ...

"မင်း စောက်လုံး မမြင်ဘူးလားကွ.."

ကိုယ့်ဘက်က ဝင်တိုက်မိတာဖို့ သည်းခံပြီးတောင်းပန်ရန် စိတ်ကူးထားသော်လည်း ထိုငနဲက အရင် ရန်စကား စပြောလာသည်။

"မတော်တဆတိုက်မိတာပဲကွာ...အဖြစ်သည်းမနေနဲ့..."

"အောင်မာ မင်းကလည်း မှားသေး လေသံက အပေါ်စီးကပါလား ဟျောင့်.."

ထယ်ယောင်း ကော်လံစကို ဆွဲကိုင်လာသော ထိုကျောင်းသားကြောင့် ဂျီမင်က ဝင်ဆွဲသည်။

"တော်ပါတော့ကွာ....မနက်စောစောစီးစီး ရန်မဖြစ်ကြပါနဲ့..."

"မင်းနဲ့မဆိုင်ရင် ဘေးဖယ်နေစမ်း...ဒီကောင်က သူ့ကိုသူ king ဆိုပြီး ဂြိုလ်ကြွနေတာ..."

"ဘာလဲ....မင်းကို ကောင်မလေးတွေက မကြွေလို့ မနာလိုနေတာလား...ကျွတ် ကျွတ် သနားစရာပဲ...မင်းကိုမင်းလည်း ပြန်ကြည့်ပါဦး ..ရပ်ကွက်ထဲ အမှိုက်ကောက်တဲ့ကောင်ကမှ သားနားဦးမယ်..."

ထယ်ယောင်းဆီပစ်ဝင်လာသော လက်သီးချက်...
ပါးပေါ်က ထူပူသွားသော ခံစားချက်နဲ့အတူတူ...ပါးစပ်ထဲငန်ကျိကျိအရသာ။
ထယ်ယောင်းကလည်း ခေသူမဟုတ်...လွယ်အိတ်ကို ပစ်ချပြီး ဝင်ထိုးရန်ပြင်တော့ ဂျီမင်ကအတင်းဆွဲထားသည်။

"ဖယ်စမ်း ဂျီမင်...သူ ငါ့ကို အရင်ထိုးတာလေ..."

"တော်တော့ ထယ်ယောင်း ဟိုမှာ ဆရာလာနေပြီ..."

BLACK & GREY [completed ]Where stories live. Discover now