Ep....16

31.3K 3.2K 1.4K
                                    

#Unicode
ကွန်ဒ်ိုရောက်တဲ့အထိ ထယ်ယောင်းက အိပ်ပျော်နေဆဲ။
ကားပါကင်ရောက်နေပြီ ဖြစ်တာကြောင့် ထိုအမူးသမားကို ဂျောင်ဂုလှုပ်နှိုးလိုက်ကာ....

"ဟေ့ ထတော့...အိမ်ရောက်ပြီ.."

သုံးလေးခါနှိုးတော့မှ မျက်လုံးတစ်ဝက်ပွင့်နဲ့ ထထိုင်သည်။
ဘီယာနံ့တောင် မရပဲနဲ့ အဲ့လောက်တောင် မူးရသလား။
မသိရင် အပြင်းစားတွေသောက်ပြီး မူးနေတဲ့ အရက်သမားကြီး ကျလို့...

"ချီလေ...ထယ့်ကို ချီ.."

Wtf!!! ဘယ်လိုတောင် နှုတ်ခမ်းထော်ပြီး လူကိုချီခိုင်းနေတာ...

"မချီနိုင်ဘူး...ကိုယ့်ဘာသာလျှောက်...မဟုတ်လည်း ကားပေါ်မှာပဲအိပ်..."

ဂျောင်ဂု စိတ်ပါက်ပေါက်နဲ့ပြောပြီးကားပေါ်က ဆင်းတော့ ဒယီးဒယိုင်နဲ့ လိုက်ဆင်းလာသည်။
ထို့နောက်ကြမ်းပြင်ပေါ် ဖင်ထိုင်ချကာ...

"ချီပါဆို...ထယ် လမ်းမလျှောက်ချင်တော့ဘူးလို့!!!အရမ်း အိပ်ငိုက်နေတယ်လို့..."

ကားပါကင်ထဲ သူ့အသံသြသြကြီးက ဟိန်းထွက်သွားသည်။
ဘယ်လိုတောင် ရစ်နေရတာလဲ..

"မင်းကိုငါ မချီနိုင်ဘူးလို့ ပြောပြီးပြီလေ...တော်ရုံပဲကောင်းတယ် ကင်မ်ထယ်ယောင်း.."

"တကယ် မချီဘူးပေါ့.."

"အေး."

"ဒါဆို ဂျယ်ဆောင်း ငါ့က်ိုလာချီ.."

ဂျယ်ဆောင်းမှာ "ဗျာ" တစ်လုံးသာ တနိုင်ပြိိီး....သူ့ကို မျက်နှာငယ်နဲ့လာကြည့်သည်။

"မချီနဲ့ ဂျယ်ဆောင်း ထားလိုက်.."

"ချီလို့!!! မချီရင် ဒီမှာပဲ အိပ်မှာနော်..ဂျယ်ဆောင်း လာချီလေ ဘာရပ်ကြည့်နေတာလဲ..."

ဒီလူနှစ်ယောက်ကြား ဂျယ်ဆောင်း တကယ်လမ်းပျောက်သည်။
တစ်ယောက်ကလည်း ရစ်နေပြီး...တစ်ယောက်ကတော့ ထယ်ယောင်းအသားကိုထိရဲထိကြည့်...ထိတာနဲ့ သူ့ကိုအသေလုပ်မယ့် လေဆာကြည့်တွေနဲ့ ရပ်ကြည့်နေသည်။
ရှိသမျှ နတ်အပေါင်းတို့ ကယ်ပါ။

"ဟာကွာ...စိတ်မရှည်ဘူးနော် လာချီလို့.."

ဂျောင်ဂုလေ ရှိသမျှစိတ်တွေစုပြီး ရှည်ရှည်ထားတာတောင် မရ။
အရက်သောက်ရင် ဒီလိုသွေးဆိုးတက်တဲ့သူ တစ်ခါမှ မတွေ့ဖူးသေး။

BLACK & GREY [completed ]Where stories live. Discover now