#Unicode
ထယ်ယောင်း နိုးလာတော့ ရနေကြ ရေမွှေးနံ့တွေနဲ့ ရင်ခွင်တစ်ခုထဲမှာ။
အိပ်ချင်မပြယ်သေးသည့် မျက်လုံးတွေကို ပွတ်၍ကြည့်မိတော့...
ဘုရားရေ!!ဂျွန်ဂျောင်ဂုကြီးဟ.ကျွန်တော့် တစ်ကိုယ်လုံးက သန်မာတဲ့ သူ့ရဲ့ လက်တွေကြားမှာ..
သူ့လက်မောင်းပေါ်ကျွန်တော့်ခေါင်းက ရောက်နေပြီး...သူ့ရဲ့နောက်လက်တစ်ဖက်က ကျွန်တော့်ခါးပေါ်မှာရစ်ပတ်ထားသည်...ဘာတွေ ဖြစ်ကုန်တာလဲ..?
ညတုန်းက ရေထသောက်ပြီး ခေါင်းထဲမိုက်ခနဲ ဖြစ်သွားလို့ ဖန်ခွက်ကျကွဲသွားတုန်း...ဂျောင်ဂုရောက်လာတာအထိပဲ မှတ်မိတယ်။
ကျွန်တော့်ကိုယ်ပေါ်က အင်္ကျီကလည်း ညကကျွန်တော် ဝတ်ထားတာနဲ့မတူ..
လှုပ်လို့ရသည့် တစ်စုံတည်းသောမျက်လုံးကို သာ ကစားမိတော့...အခန်းကလည်း ဂျောင်ဂုအခန်း...ကျွန်တော် ဒီရင်မောစရာ အခြေနေကြီးတည်းက ရုန်းထွက်ချင်ပေမယ့်
သူနိုးသွားမှာကြောက်လို့ အသက်တောင်ကောင်းကောင်းမရှုရဲတော့...
ဘယ်လိုလုပ်ရပါ့မလဲ?
ကိုယ်လုံးကို မသိမသာဖြေးဖြေးချင်း လှုပ်ကြည့်လိုက်တယ်...
တကယ့်ကို ဖြေးဖြေးလေးဆိုပေမယ့်...ဟင်းခနဲ အသက်ရှုသံနဲ့အတူတူ နိုးလာသော သူ...
ကျွန်တော် မျက်လုံးတွေ ပြန်မှိတ်လိုက်တယ်။"ငြိမ်ငြိမ်မနေဘူး..."
အက်ရှရှအသံနဲ့အတူတူ ကျွန်တော့်ကို ဖက်ထားရာမှ ဖယ်သွားတာကို ခံစားမိလိုက်သည်။
ဒါပေမယ့်.....နဖူးပေါ်ရောက်လာပြန်သော ခပ်နွေးနွေးလက်ဖဝါးရဲ့ အထိအတွေ့..."အဖျားမရှိတော့ဘူးပဲ..."
ဟင်??ဒါဆို ညတုန်းက တစ်ညလုံးနီးပါး ကျွန်တော့်ကို ပြုစုပေးနေခဲ့တာလား?
ကျွန်တော်က ဖျားရင် ခလေးပိစိတွေထက် ပိုဆိုးသည်။
အရင်က အိမ်မှာဆို ဖျားတာနဲ့ဂျင်ဟျောင်းလ် ကိုအပျောက်မခံတော့ပဲ တနေကုန် အနားမှာပဲနေခိုင်းတက်သည်။လှုပ်ခတ်သွားသော ခုတင်ကြောင့် သူအိပ်ယာမှ ထသွားမှန်းသိလိုက်ရသည်။
ကျွန်တော်ကတော့ ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေစမြဲ။
ဖုန်းမြည်သံကို ကြားလိုက်ရပြီး တံခါးပိတ်သံ ခပ်တိုးတိုးကို ထပ်ကြားလိုက်ရမှ ထယ်ယောင်း အိပ်ယာထက်က ထထိုင်မိလိုက်သည်။
စားပွဲပေါ်တင်ထားသော ရေဇလုံနဲ့တဘတ်တွေကြောင့် ညကအဖျားတော်တော်ကြီးခဲ့ကြောင်း ရိပ်မိလာသည်။
YOU ARE READING
BLACK & GREY [completed ]
Fanfictionငါကလူတိုင်းရဲ့ သခင် မင်းကတော့ ငါ့နှလုံးသားနန်းတော်ကိုပိုင်စိုးမဲ့ ဘုရင်👑 Kim Taehyung & Jeon Jungkook