Ep....8

30.3K 3.4K 694
                                    

#Unicode
ထယ်ယောင်းမှာ သူ့မျက်စိရှေ့က မြင်ကွင်းကို တမေ့တမော ငေးကြည့်နေမိသည်။
အခုသူရောက်နေတဲ့ နေရာက....တစ်ခါမှ မမြင်ဖူးသော နေရာ။
မျက်စိရှေ့က အိမ်ကြီးသည် နန်းတော်ကြီးလို ဝံ့ဝံ့ကြွားကြွား...
ဖြူဖွေးနေသော စံအိမ်ကြီးရဲ့ အရှေ့မျက်နှာစာ  ခြံအလယ်၌ ရေပန်းစင်ကြီးက လှပစွာ တည်ရှိနေသည်။
အိမ်ထဲဝင်လာသည့် လမ်းကပင် သူ့စိတ်ထဲ နာရီတော်တော်ကြာနေသယောင်.....

"အိမ် မမြင်ဖူးဘူးလား.."

လာပြန်ပြီ...ဒီလူက စကားပြောရင် ပြေပြေပြစ်ပြစ်ပြောဖို့ အစီစဥ်မရှိဘူးလား မသိ။

"ဟုတ်တယ် ....မမြင်ဖူးလို့ ကြည့်နေတာ...ဒါက ဘယ်နေရာလဲ.."

"ဒါက ငါ့အိမ်..."

"ဟင်" ခနဲ အာမေဋိတ်သံလေးပြုပြီး အိမ်ကြီးကို တလှည့် သူ့ကိုတလှည့်ကြည့်နေသော အရှုပ်ထုပ်။

"ဒါဆ်ို...ဝန်ကြီးအိမ်ပေါ့..."

"အေး...ငါ့အဖေ အိမ်.."

"ခင်ဗျား အဖေအိမ်ကို ခင်ဗျားလာတာ ဟုတ်ပါပြီ...ကျွန်တော်က ဘာလို့ လိုက်လာရတာလဲ.."

အတော်လေးကို အမေးမြန်းထူသည့် အရှုပ်ထုပ်ရယ်။

"နားငြီးလိုက်တာကွာ....အထဲရောက်ရင် သိလိမ့်မယ် ပါးစပ်ပိတ်နေ.."

ဒါလေးမေးတာကို ပြန်ဖြေတော့ သေမှာကျနေတာပဲ။
သူ့အိမ်သူလာတာ ငါက ဘာကိစ္စလိုက်လာရတာလဲ။
တွေးလည်း အဖြေမထွက်တာမို့ ထယ်ယောင်းလည်း ဆက်တွေးမနေတော့ပဲ...ရှေ့ကခြေလှမ်းကျဲကြီးနောက်ကို မှီအောင် ပြေးလိုက်မိသည်။

"ဟော...သား ဂျောင်ဂုရောက်လာပြီ.."

အိမ်ထဲရောက်တော့ ဂျောင်ဂု၏ အမေဖြစ်ပုံရသည့် အမျိုးသမီးတစ်ဦး...
ထိုအမျိုးသမီးက ဖော်ရွေစွာ နှုတ်ဆက်လိုက်ပေမယ့်...ဂျောင်ဂုမျက်နှာကတော့ ပြုံးရယ်ခြင်းမဲ့သည်။

"သူငယ်ချင်းပါ ခေါ်လာတာလား.."

မိမိကိုပါ ဝေ့ဝဲကြည့်ရင်းဆိုလာတာကြောင့် ထယ်ယောင်း ဦးညွှတ်နှုတ်ဆက်လိုက်၏

"မင်္ဂလာပါ.."

"လာကွယ်...သားဂျောင်ဂုက မခေါ်စဖူး သူငယ်ချင်းခေါ်လာလို့ အံ့သြနေတာ..."

BLACK & GREY [completed ]Where stories live. Discover now