Part 41

941 101 16
                                    

{Unicode}

"သားကြီး ဒီနေ့ဘယ်လိုဖြစ်နေတာလဲ နေလို့မကောင်းလို့လား "

မနက်ထဲက ခိုင်းသမျှအလုပ်တိုင်းကို အမှားမှားအယွင်းယွင်း ဖြစ်နေတဲ့ကျွန်တော့်ကို မေမေသတိထားမိလာပါတယ်။ လုပ်ငန်းခွင်မှာမို့ ရုပ်မပျက်ရအောင် အတတ်နိုင်ဆုံး စိတ်ကိုထိန်းထိန်းသိမ်းသိမ်းနေပေမယ့်လဲ မာတာမိခင်ကတော့ ရိပ်မိပါတယ်။

"ဘာမှမဖြစ်ပါဘူးမေမေ သားညကအိပ်ရေးပျက်သွားလို့ပါ "

"အိပ်ရေးပျက်တာဆိုရင်လဲ ခေါင်းကြည်သွားအောင် တစ်ခုခုသွားသောက်လိုက်ဦး ပြီးမှအလုပ်ပြန်လုပ် အလုပ်သင်ဘဝဆိုပေမယ့်လဲ အမြဲမှားနေရင်မကောင်းဘူးလေ မေမေကသားအတွက်ပြောတာပါ "

"ဟုတ်ကဲ့မေမေ နောက်မဖြစ်စေရပါဘူး "

သည်လိုနဲ့မေမေ့ခွင့်ပြုချက်ယူပြီး ရုံးခန်းအောက်ထပ်က coffee shopကိုထွက်ခဲ့တယ်။ ဆိုင်ရောက်တော့ တခါမှမသောက်ဖူးတဲ့ black coffeeကိုမှာလိုက်တော့ ကျွန်တော့်ကိုမျက်မှန်းတန်းမိနေပြီဖြစ်တဲ့ ဝန်ထမ်းကောင်မလေးက တအံ့တဩနဲ့ မော့ကြည့်လာတယ်။

သူကြည့်လာတာလဲ မထူးဆန်းပါဘူး။ coffeeတောင်မကြိုက်တဲ့လူက Black coffeeကိုရွေးမှာမိတာကိုး။


ကျွန်တော်ကိုယ်တိုင်လဲ ဘယ်လိုစိတ်မျိုးနဲ့ မှာလိုက်မိတယ် မသိဘူး။ သေချာတာတစ်ခုကတော့ ခုချိန်မှာ ခန္ဓာကိုယ်က ခံစားချက်အသစ်တမျိုးကို တောင့်တနေတယ်။

သတိရနေသူကို အလွယ်တကူသွားတွေ့လို့မရတဲ့ဒုက္ခ၊ ချစ်တဲ့သူ နေမကောင်းဖြစ်နေချိန်မှာတောင် အနားမှာကိုယ်တိုင်သွားပြီး ပြုစုလို့မရတဲ့ ဝေဒနာက ခုလောက်ထိပြင်းထန်လိမ့်မယ်လို့ တွေးမထားခဲ့မိတာအမှန်ပဲ။

အတွေးတွေနဲ့ယောက်ယက်ခတ်နေချိန် မှာထားတဲ့ coffeeဗူးလေးက စားပွဲပေါ်ကိုရောက်နေခဲ့ပြီ။ ခံစားနေရတဲ့ အလွမ်းဝေဒနာတွေ ပျောက်လိုပျောက်ငြားဆိုတဲ့ ရူးသွပ်တဲ့အတွေးတွေနဲ့ coffeeကိုအလျင်စလိုမော့ချလိုက်တယ်။


Oh! လျှာဖျားကတစ်ဆင့် ခါးသက်သက်အရသာက တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေထဲထိ စိမ့်ဝင်သွားသလား အောက်မေ့ရတယ်။ ဒီလိုအရသာမျိုးကို ခံတွင်းတွေ့ပြီးသောက်နေကြတဲ့ လူတွေတကယ်ရှိသေးလား??

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now