{Unicode }
"ခင်ဗျားအကြံဒါအကုန်ပဲလား အဘိုးကြီး "
Mewနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားအောင်လှည့်လိုက်ပြီး ခနဲ့တဲ့တဲ့မေးလိုက်တယ်။ Mewကမချိပြုံးတချက်ပြုံးလိုက်ကာ Gulfရဲ့ခန္ဓာကိုယ်လေးကိုသူနဲ့နီးသထက်နီးအောင်ဆွဲယူလိုက်၏။
"ဒါအကုန်ပဲလို့ထင်နေရင်မှားသွားမှာပေါ့ ခုမှပါးပါးလေးပဲပုတ်ရသေးတာ ထပ်ကြည့်ဦးမလား "
Mewရဲ့စကားအဆုံးမှာ Gulfရေကန်အောက်သို့ဆွဲနှစ်ခြင်းခံလိုက်ရ၏။ ရုတ်တရက်ဆန်သောအပြုအမူကြောင့် Gulfထိတ်လန့်သွားရတာမဆန်းပါ။ နှစ်ယောက်လုံးရေအောက်ရောက်ပြီဆိုမှ အကြံသမားကြီးMewကသူ့ရဲ့အလုပ်ကို စတင်လုပ်ဆောင်တော့၏။
ဘောပဲ။ ဒီဘဲကြီးက ဒီလိုSဆန်းလုပ်ရပ်တွေကိုလဲကြိုက်တာပဲတဲ့လား??
ရေအောက်မှာအောက်ဆီဂျင်ပြတ်လပ်နေတဲ့ခံတွင်းနှစ်ခုကို Mewထပ်တူကျစေလိုက်ပြီးလျင်မြန်တဲ့အရှိန်နှုန်းနဲ့ ချိုမြိန်လွန်းလှတဲ့နှုတ်ခမ်းတွေကိုသိမ်းပိုက်နေတယ်။ အစပိုင်းမှာရုန်းကန်မှု့အနည်းငယ်လေးပြုလုပ်ခဲ့ပေမယ့် ခုချိန်မှာMew ရဲ့လည်ပင်းတွေကိုပြန်လည်သိုင်းဖက်ရင်း Gulfတယောက်အသစ်အဆန်းကိုလက်ခံဖို့အဆင်သင့်ဖြစ်လို့နေပြီ ။
ထိလွယ်ရှလွယ်လျှာနှစ်ခုရဲ့ပြင်းထန်တဲ့တိုက်ပွဲကြောင့် ရေကူးကန်ထဲရှိရေတွေဟာ ဘောင်ဘင်ခတ်လာတော့၏။ အဝေးကနေသာကြည့်မယ်ဆို လူမရှိဘဲလှုပ်ခတ်နေသောရေပြင်ဟာထိတ်လန့်စရာလို့တောင် တွေးမိမယ်ထင်ပါရဲ့ ။ အသစ်အဆန်းဆိုတာ ကြောက်ရွံ့မနေဘဲစမ်းကြည့်သင့်တယ်လို့ ရှေးစကားတွေကြားခဲ့ဖူးတာတကယ်မှန်တာပဲ။ ရေအောက်မှာနမ်းရတဲ့Feelingကမသက်သာလှပေမယ့် ရပ်တံ့မပစ်ချင်လောက်တဲ့ထိကိုဆွဲဆောင်နေတယ်။
YOU ARE READING
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...