Part 44🚨

1.7K 111 10
                                    


Rated scene 🚨

{Unicode}

လရောင်ရေးရေး အောက်မှာ မမြင်မစမ်းပြေးလွှားနေရတာမို့ ခလုတ်တိုက်ပြီးလဲကျမသွားအောင် တစ်ယောက်လက်ကို တစ်ယောက်တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားမိတယ်။

ဒီကောင်လေး ဘယ်ကိုဦးတည်ပြီးပြေးနေလဲ Mewမသိပါ။ သိလဲမသိချင်။ ဒီကောင်လေးနဲ့ အတူတူရှိနေရတယ်ဆိုတဲ့ အသိနဲ့တင် အရာအားလုံးကပြီးပြည့်စုံနေပြီ ။

စကားတစ်ခွန်းမှ မပြောမိကြဘဲ ဆက်တိုက်ပြေးလာမိတာ သစ်ပင်ခပ်ကြီးကြီးတစ်ပင်အောက်ရောက်မှ ကောင်လေးကရပ်တန့်လိုက်ပြီး အမောဖြေနေတယ်။

"ဟူးးး ကိုကို  မောနေပြီလားဟင် "

မောဟိုက်ပြီး တုန်ခါနေတဲ့ အသံသေးသေးလေးနဲ့ ဆိုတယ်။ တွဲထားတဲ့လက်တွေကိုတော့ ခုချိန်ထိမဖြုတ်မိကြသေး။

"အင်း နည်းနည်းပေါ့ ဒါနဲ့ ကလေးကိုကို့ကို ဘာလို့ဒီနေရာကိုခေါ်လာတာလဲဟင်  "

"ကိုကို့ကို နမ်းချင်လို့ "

ဘယ်လိုပြောလိုက်တယ်။ အရှက်သည်းတဲ့ကောင်‌ငယ်လေးကလေ  ခုကျွန်တော့်ကို  နမ်းချင်လို့တဲ့ဟုတ်လား ? ဟား ကျွန်တော်နားကြားများမှားလေသလား??

"ကလေးဘာပြောလိုက်တယ် "

"ကျွန်တော် ခင်ဗျားကို နမ်းချင်လို့ ခုချက်ချင်းနမ်းမှကိုဖြစ်မှာမို့ "

"ကလေးရာ ကိုကို့ကို ရင်ခုန်အောင်လုပ်နေတာလားကွာ  "

ကျွန်တော့်အမေးကို ပြန်မဖြေဘဲ  ဆုတ်ကိုင်ထားတဲ့လက်တွေကို ဖြေချကာ လက်သေးသေးသွယ်သွယ်နှစ်ဖက်က ကျွန်‌တော့်လည်ပင်းတွေကို သိုင်းဖက်လာတယ်။ ဘယ်လိုတွေတောင် လုပ်နေတာတဲ့လဲ။ ကျွန်တော့်ရင်တွေခုန်နေတာဆို အရမ်းပဲ။

"ကိုကိုကမနမ်းချင်ဘူးလားဟင်  "

အရက်သောက်ထားခြင်းမရှိပါဘဲနဲ့ အနည်းငယ်ရီဝေနေတဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်ရင်း Mewကိုမေးလာတော့ ......

"နမ်းချင်လွန်းလို့ ရူးမတတ်ဖြစ်နေပြီဆိုရင်ရော…...... "

စကားအဆုံးမှာပဲ ချက်ချင်းထိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံကြောင့် Mewလန့်ပြီးအော်မိမတတ်ပဲ။ နောက်မှ အသိပြန်ဝင်ကာ ကောင်လေးရဲ့အနမ်းတွေကို ကျေကျေနပ်နပ်ခံယူမိတယ်။

Be Your Boy,You Will Be My Man💓(Completed)Tempat cerita menjadi hidup. Temukan sekarang