{Unicode }
ကျောင်းကပြန်ရောက်တာနဲ့ Uniformမလဲဘဲ ကုတင်ပေါ်တွင် ပက်လက်လှန်ကာ အပျင်းထူနေမိသောကျွန်တော်။ ကိုကိုနဲ့ခုမှ တွေ့ပြီး ပြန်လာရတာကို အဲ့ဒီမျက်နှာချောချောကြီးကို ထပ်တွေ့ချင်နေတုန်းပဲ။ ကျွန်တော်တော့ ဒီလူ့ကို တော်တော်စွဲလန်းနေမိပြီထင်ပါရဲ့ဗျာ။
¶¶ မင်းဟာက မလွန်လွန်းဘူးလား Gulf ရာ ကိုကိုလွမ်းဖို့ အချိန်လေးလဲ ပေးလိုက်ပါဦးဟ ¶¶
မတတ်နိုင်ဘူး အရမ်းကိုသတိတွေရနေပြီ။ ကိုကိုကအကဲပိုတယ်လို့ စရင်လဲခံရမှာပဲ။ Line ကနေ တခုခုတော့ ပို့လိုက်ဦးမယ်။ ကျွန်တော်က လူတစ်မျိုးဗျ ကိုယ့်ဘက်က အရမ်းလွမ်းနေတယ်ဆိုဦးတော့ Lineကနေ စာပဲဖြစ်ဖြစ် Stickersပဲ ဖြစ်ဖြစ် ပို့လိုက်ရရင်ကျေနပ်ပြီ။ ဖုန်းဆက်လိုက်ရင် ကျွန်တော့် အသံနားထောင်ပြီး ဘယ်လောက်အတိုင်းအတာထိကို လွမ်းနေတယ်ဆိုတာ ကိုကိုသိသွားမှာကို ရှက်တာလဲပါတာပေါ့။
နောက်ဆုံး စာပို့မယ်လို့ ဆုံးဖြတ်ပြီး ဖုန်းကိုလှမ်းယူလိုက်တယ်ဆိုရင်ပဲ Line ကနေ Noti တစ်ခုဝင်လာတယ်။
ဘုရားရေ ! အဲ့လောက်ကြီးထိ တိုက်ဆိုင်ပြီး စိတ်ချင်းဆက်နေတာလား ? ကျွန်တော်ကလွမ်းလို့ စာပို့မယ်ကြံကာရှိသေး ကိုကိုက ခုVideo Call ခေါ်လာတာ။ ဘယ်လိုလုပ်ရမလဲ Uniformကလဲ မလဲရသေးဘူး အပျင်းအိုးလို့ထင်ခံရတော့မှာပဲ။ အင်္ကျီသွားလဲနေဖို့ကလဲ အချိန်မရှိ။ တော်ကြာနေဖုန်းကျသွားမှဖြင့် ကိုကို့မျက်နှာကို အလွမ်းပြေမကြည့်လိုက်ရရင် ပြီးရော။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကုတင်ခြေရင်းက စောင်ကြီးဆွဲယူပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်လိုက်ကာ ဖုန်းကိုင်လိုက်တယ်။
" ကိုကို ဘာလို့Video Call ခေါ်တာလဲ အိမ်ရောက်တာဖြင့် မကြာသေးဘူး ကျွန်တော့်ကို လွမ်းနေပြီလား "
"လွမ်းတာပေါ့လို့ ကလေးကလဲ ဘယ်လိုများပြောလိုက်တာလဲ ကလေးနဲ့မတွေ့ရတဲ့ တမိနစ်က ကိုကို့အတွက်တော့ တစ်လလောက်တောင်ကြာတယ်ထင်တာပဲ ကလေးရောကိုကို့ ကိုမလွမ်းဘူးလားဟင် "
"ခင်ဗျားကတော့လေ အပြောနဲ့အပီချုပ်တဲ့ နေရာမှာ အရမ်းပိုင်တာပဲ ကျောင်းပြီးရင် ပွဲစားလုပ်ပါလား အရမ်းအောင်မြင်မှာသိလား"
YOU ARE READING
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...