Part 12

1.5K 141 9
                                    

{Unicode}

နေကောင်းပျောက်ပြီး၍ ကျွန်တော့်ရဲ့ ပထမဆုံးသောကျောင်းတက်ရက်က အရမ်းကိုအဓိပ္ပာယ်ရှိပါတယ်။ ဘာလို့ဆို ကျွန်တော့်ရဲ့ အဆောင်ရှေ့ထိ P'Mewတို့မောင်နှမ က ကားနဲ့လာကြိုပေးကြတာလေ ……

အားမရှိသေးတော့ လိုင်းကားမစီးစေချင်သေးလို့တဲ့ တကယ်စေတနာကောင်းတဲ့ လူတွေနဲ့ ကျွန်တော်တွေ့ဆုံခွင့်ရခဲ့တာပဲ ..........

ကားနောက်ခန်းမှာထိုင်မယ်လုပ်တော့ Pyaeက စပ်ဖြဲဖြဲနှင့်.....

"Gulf ရှေ့ခန်းပဲထိုင်လိုက်ပါလားနော် Pyae ကနောက်ခန်းကနေပဲ သက်တောင့်သက်သာ လိုက်တတ်လို့ပါ အဆင်ပြေတယ်မို့လား"

^^^အမှန်က ကိုကို့မျက်စောင်းကြောက်လို့ အဆောင်ရှေ့ရောက်မှ နောက်ခန်းပြန်ပြောင်းထိုင်ရတဲ့ဘဝ^^^

"အော် ဟုတ်ဟုတ်ကဲ့ အဆင်ပြေပါတယ် ကျွန်တော်က လာကြိုပေးတာကိုပဲ အားနာလှပြီ နောက်ရက်တွေ လာကြိုမပေးနဲ့တော့နော်"

"အားနာစရာ လူတွေမှ မဟုတ်တာGulf ကလဲ နောက်ခါအဲ့လိုထပ်ပြောရင် ကိုယ်တကယ်စိတ်ဆိုးမှာနော်"

"ဟုတ် "

လမ်းတလျှောက်လုံးလဲ ကားသာမောင်းနေတာ ကျွန်တော့်ဘက်ကို ခဏတိုင်းမျက်လုံးစွေစွေကြည့်နေတာ သိတာပေါ့ ။ ကျွန်တော့်မှာသာ ညကအိပ်မက်အရှိန်ကြောင့်ရော နောက်ခန်းမှာ Pyaeပါလာတာရောကြောင့် မလှုပ်မယှက်နှင့် ကျောက်ရုပ်ကြီးလိုထိုင်နေရသည် ။စကားလဲထွေထွေထူးထူးမပြောဖြစ်ကြ။

"Gulf အတန်းပြီးရင် canteenကနေပဲစောင့်မလား တယောက်ထဲလိုင်းကားနဲ့ပြန်မသွားနဲ့နော် တော်ကြာညီမလေးက စိတ်မကောင်းဖြစ်နေဦးမယ်"

အကဲပိုလွန်းသည့်  ကိုကို့ကို Pyaeစနောက်ဖို့ အကြံထုတ်ရင်း………

"ဟုတ်တယ်Gulfရဲ့ Gulfသာ တယောက်ထဲပြန်သွားရင် Pyaeတော့အရမ်းအထီးကျန်ပြီး အရမ်းဝမ်းနည်းမိမှာသိလား"

‌ပြောရင်း ကျွန်တော့်လက်မောင်းပေါ်ကို လာမီပြီး ချွဲနေသည့် Pyae .. ဒီမောင်နှမနှစ်ယောက်ကြောင့် ကျွန်တော်လဲကြာရင်ရူးတော့မယ် အကိုကတမျိုး ညီမကတဖုံ။

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now