Part 23

1.3K 155 8
                                    

{Unicode}

အိမ်ပြန်ရောက်တဲ့ထိ တွေးနေသော အတွေးတို့က ရပ်တန့်မရခဲ့။

အမ'ပွန်' က ဘာလို့ ချာတိတ်ဖုန်းနံပါတ်ကို တောင်းရတာလဲ။ပြီးတော့ ခုမှစတွေ့ကြတာကို အရမ်းတွေ ခင်ပြနေတယ်။

ကလေးကို တခြားမိန်းမတယောက်နဲ့ ခင်မင်ရင်းနှီးနေတာကို မမြင်ချင်တာတော့ အမှန်ပဲ။

  အမ'ပွန်' ကဖုန်းနံပါတ်တောင်းလိုက်လို့ အူတိုနေပါတယ်ဆို ဒင်းလေးက ချက်ချင်းကောက်ခါ ငင်ခါ ရိုက်ထည့်ပေးလိုက်သေးတယ်။
အရမ်းတွေ သွက်လက်နေတယ်ပေါ့လေ။

¶  နောက်ပြီး အဆောင်ကိုပြန်ရောက်တော့ ကိုကို့ကို နှုတ်မဆက်ဘဲ ဘာလို့အမ'ပွန်'ကို တရင်းတနှီးနှုတ်ဆက်သွားရတာလဲ  အရမ်းစကားနည်းတဲ့ မင်းလေးက ဘယ်ချိန်က နှုတ်သွက်လျှာသွက်  ဖြစ်သွားတာလဲဟင် ကိုကိုလဲ မသိလိုက်ရပါလား ¶

ဘာကြောင့်မှန်းရယ်မသိ ကိုကိုတကယ် ဘာမှမဟုတ်တဲ့ ကိစ္စလေးကို အကျယ်ချဲ့ပြီး တွေးမိနေပြီ။ ကလေးကို မယုံလို့တော့မဟုတ်ပေမယ့်
မင်းကကိုကိုနဲ့ မတွေ့ခင်တုန်းက မိန်းကလေးတွေကိုပဲ စိတ်ဝင်စားခဲ့တာလေ။ ပြီးတော့ အမ'ပွန်'ကလဲ အရမ်းလှပြီး ဆွဲဆောင်မှု့ရှိတာဆိုတော့….…

"ကိုကို မေမေခေါ်နေတယ်လေ "

"အော် အင်း ဟုတ်ကဲ့ မေမေ ဘာပြောမလို့လဲ"

"သားကြီး မျက်နှာလဲ မကောင်းပါလား ဒီရက်ပိုင်း ပင်ပန်းနေပြီမို့လား ကျောင်းကတဖက် ကုမ္ပဏီမှာလဲ အလုပ်သင်ရတာကတဖက်နဲ့ တော်သေးတာပေါ့ သမီးလေး'ပွန်' ရှိနေလို့သာ သမီးရေ တကယ်ကျေးဇူးပါကွယ်"

"အန်တီရယ် ရပါတယ် တကယ်ကျေးဇူးတင်ရင် မြန်မြန်ရုံးတက်နိုင်အောင် လုပ်ပေးနော် ဒါမှ သမီးအားရှိမှာ ခုမောင်လေးကို တခါတည်း စောင့်ပြီး ခေါ်သွားလိုက်တော့မယ်လေ သမီးလဲ အန်တီ့ လက်ရာ မစားရတာကြာပြီ"

"ဒါပေါ့ဒါပေါ့ အန်တီ မေ့‌တတ်တာသာ ကြည့်တော့ 'ပွန်'ရေ သမီးလေးကို ထမင်းစားဖိတ်ဖို့ ကို မေ့မေ့နေတယ် တခါထဲစားသွားလိုက် နေဦး အန်တီဟင်းတွေ သွားနွှေးလိုက်ဦးမယ် ခဏထိုင်နေဦးနော်"

Be Your Boy,You Will Be My Man💓(Completed)Where stories live. Discover now