{Unicode}
တမင်ရှောင်ပြေးနေတဲ့ လူတစ်ယောက်ကို တွေ့မြင်ရဖို့က ကျွန်တော့်အတွက်တော့ အရမ်းကြီးမခက်ခဲပါဘူး။ Pyaeဆီကရထားတဲ့ ဒီလူ့Time Tableကြောင့် သူ့ရဲ့နောက်ဆုံးစာသင်ချိန်အပြီးကို ချိန်ဆပြီး ထွက်ခဲ့တယ်။
ခက်တယ်ဗျာ။ ကျွန်တော့်ကို ဒီလူမျက်နှာချင်းမဆိုင်ဘဲ ရှောင်ပြေးနေတာ နှစ်ပတ်လောက်ရှိပြီ။ ထိပ်တိုက်တွေ့ခဲ့ရင်လဲ သရဲသဘက်တွေ့သလို အလန့်တကြားထွက်ပြေးတတ်တာက လူမြင်လို့မကောင်းဘူး။
သူ့စိတ်ကအဆင်မပြေသေးလို့ နေမှာပါဆိုပြီး ကျွန်တော်ဒီတိုင်းလေး ငေးကြည့်နေခဲ့တာကြာပြီ။ ဒီနေ့တော့ မရတော့ဘူး။ သေချာတွေ့ပြီးစကားပြောကြည့်မှကိုဖြစ်တော့မှာ။
Gulf ကိုယ့်စိတ်ကို အရင်ဦးဆုံး ပြင်ဆင်ထားပြီး Car Parkingမှာ ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ Mewဆီကို ဦးတည်လာခဲ့တယ်။ ကျွန်တော့်ကိုတွေ့တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး အကြောင်းမဲ့သက်သက်မိုးပေါ်ကို ငေးကြည့်နေတဲ့လူသား။ လုပ်နေတဲ့ရုပ်က ဆွဲထိုးပစ်ချင်စရာ ကောင်းလွန်းတယ်။
"လူတစ်ယောက်လုံး လာနေတာကိုမမြင်ရလောက်တဲ့ထိတော့ ခင်ဗျားအခြေနေမဆိုးသေးပါဘူးနော် "
"Gulf "
"ဟုတ်ပဗျာ Gulfအစစ်ပါ မှတ်မိသေးတာကိုပဲ ကျေးဇူး "
"အဲ့လိုတွေ မပြောပါနဲ့လား "
"ဒါဆို ကျွန်တော့်ကိုအချိန်ခဏပေး "
"ညီမလေး ကိုစောင့်ရ....."
"Pyae အတန်းချိန်ကနောက်ထပ်နှစ်ချိန် ကျန်သေးတယ် ကျွန်တော်စကားပြောမှာ အဲ့လောက်ထိမကြာစေရဘူး "
"ကိုယ်တောင်းပန်တယ် Gulf "
"အွန်းရတယ် တောင်းပန်လေ ဒါပေမယ့် ခုခဏ တော့လိုက်ခဲ့ပေး ဒါကျွန်တော်နောက်ဆုံး တောင်းဆိုတာ "
နောက်ဆုံးပြောလိုက်တဲ့အသံက သိသိသာသာတုန်ယင်သွားခဲ့တာ။ ဒီလူရိပ်မိလို့ပဲလား? ဘာစကားမှထပ်မပြောတော့ဘဲ ကားတံခါးလာဖွင့်ပေးတယ်။
"တော်ပါ အပိုတွေ "
ကားတံခါးဖွင့်ပေးနေတဲ့ လူကိုမကြည့်ဘဲ Gulfကားထဲအရင်ဝင်ထိုင်လိုက်တယ်။ အပိုအလုပ်တွေ ခုမှလာပြီးဂရုစိုက်ပြနေတယ်။ အဲ့လိုမျိုးတွေဆိုကျွန်တော်Sရမ်းမုန်းတာ ခင်ဗျားမသိဘူးလား။
BINABASA MO ANG
Be Your Boy,You Will Be My Man💓(Completed)
Fanfictionအမှတ်မရှိတဲ့ငါ့အသည်းကထပ်ချစ်မိပြန်ပြီ ညီမလေးကိုအသက်တမျှမြတ်နိုးသလို မင်းကိုလဲဘဝနဲ့ထပ်တူချစ်မိနေပြီ 1: MEW SUPPASIT ကိုယ့်ကိုကိုယ်လိမ်နေရတဲ့ဘဝက ငရဲတမျှခံစားရတယ်ဆိုတာ ခင်ဗျားတို့သိကြလား (အထူးသဖြင့်ကိုယ့်နှလုံးသားကိုပေါ့) 2: GU...