Part 9

1.4K 154 13
                                    


"Gulf Gulf သတိထားဦးလေဟာ၊ငါတို့အကုန်လုံးဒီမှာရှိတယ် အားမငယ်နဲ့သိလား"

ကျွန်တော်ကြားဖူးနေကျအသံပဲ ဘယ်သူပါလိမ့်?
အားမရှိသည့်ကြားမှ လေးလံနေသည့်မျက်လုံးတစ်စုံကို ကြိုးစားကာ ဖွင့်ကြည့်လိုက်တော့ မျက်စိရှေ့မှာ ပေါ်လာတာကSu ပြီးတော့ Mild နောက်ပြီး Pyae ပြီးတော့ပြီးတော့ ....

" Gulf ရယ်ဘယ်လိုဖြစ်ရတာလဲ။တော်သေးတာပေါ့ မနက်တိုင်းပို့နေကျmessageရောက်မ‌လာလို့ Pyaeစိတ်ပူပြီးဖုန်းဆက်မိလို့သာပေါ့"

" ဟုတ်တယ်ကွ မင်းဆီဖုန်းဆက်တာမရတော့Pyaeက စိတ်ပူပြီး ငါတို့ကိုလှမ်းအကြောင်းကြားတာနဲ့ ရောက်လာကြတာပဲ ဘာဖြစ်သွားတာလဲကွ"

သူတို့မေးသမျှကို ပြန်ဖြေဖို့ ကျွန်တော့်မှာအားအလုံအလောက် မရှိသေးပါ။လူတကိုယ်လုံးက ရိုက်ချိုးခံထားရသလို နာကျင်ကိုက်ခဲနေသည်။ခေါင်းတခုလုံးကလဲ တူနဲ့အထုခံနေရသလို ထိုးကိုက်နေသေးသည်။လက်တွေ ‌ခြေထောက်တွေ ဘာတခုမှမလှုပ်ရှားချင်တော့။ ပြန်စဉ်းစားကြည့်တော့ မနေ့ကရေချိုးအပြီး ကျွန်တော် ဖျားသွားပုံရတယ်။

" သူအားမရှိသေးလို့နဲ့တူတယ်။ကိုကို ညီမလေးတို့ Gulfကို ဆေးခန်းအရင်ပို့ပေးရအောင်နော်"

ကိုကိုဆိုပါလား?ဒါဆို.....

" ဟုတ်တယ် ဆရာဝန်ကမှနားလည်မှာ အချိန်မဆွဲဘဲ ကိုတို့အခုသွားရအောင်"

ပြောလဲပြော P'က ကျွန်တော့်ခန္ဓာကိုယ်လေးကို ကုတင်ထက်မှ စွေ့ခနဲ မယူလိုက်သည်။ထိုအထိသာ ကျွန်တော့် အသိစိတ်များကမှတ်သားနိုင်လိုက်သည်။ တဖန်P'ရင်ခွင်ထဲတွင် သတိလစ်ကာခေါင်းငိုက်စိုက် ကျသွားတော့သည်။

__________________

" ခုမစိုးရိမ်ရတော့ပါဘူး လူနာက‌ အပူအားကြီးပြီးသတိလစ်သွားတာပါ ပြီးတော့ စိတ်ရှုပ်စရာတွေလဲ ရှိပုံရတယ်။အဲ့တာတွေကို မေ့ပစ်ချင်ဇောနဲ့ အတင်းကြိုးစားပြီးအိပ်ပျော်နေပုံလဲရတယ်။ ဆိုတော့ စိတ်ဖိစီးမှုတွေ နည်းအောင်ထားပြီး ကောင်းကောင်းအနားယူလိုက်ရင် သက်သာသွားမှာပါ"

" ကျေးဇူးပါ doctor.သောက်ရမယ့် ဆေးတွေလဲ သေချာညွှန်းပေးပါဦးနော်။ပြီးတော့သက်သာလာရင် ဒါမျိုးထပ်ဖြစ်မလာအောင် ဘယ်လိုတွေနေရမလဲဆိုတာကိုလဲ ကျွန်တော့ကို သေချာလေး ပြောပြပေးပါခင်ဗျာ"

Be Your Boy,You Will Be My Man💓(Completed)Tahanan ng mga kuwento. Tumuklas ngayon